iPhone ဈေးနီးပါးရှိတဲ့ ထိပ်တန်းစမတ်ဖုန်း Google Pixel XL

Nexus စီးရီး ပြီးဆုံးသွားပေမယ့် Google ရဲ့ Pixel ဖုန်းတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။ search engine ထိပ်ဆုံးကြီးဟာ Pixel XL ကို အခုလက်ရှိဘယ်စမတ်ဖုန်းတွေမှာမှ မရနိုင်တဲ့ feature တွေနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ကျွန်တော့အမြင်မှာတော့ Pixel XL ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ သင့်အိတ်ကပ်ထဲကို ရောက်လာဖို့ ထိုက်တန်တယ်ဆိုတာ သင်တွေ့ရှိလာလိမ့်မယ်လို့ ပြောချင်ပါတယ်။ Pixel review: first impressions of the Google flagship Android 7.0 Nougat update: overview for smartphones and tablets Good ✓Brilliant display ✓Rapid performance ✓Top camera ✓No bloatware Bad ✕Very high Price ✕No headphones included ✕Only IP53 certified Google Pixel XL release date and price Pixel နဲ့ Pixel XL ဖြန့်ချိတဲ့ရက်ဟာ တော်တော်လေးကို ကြန့်ကြာပါတယ်။ သတ်မှတ်ထားတာကတော့ အောက်တိုဘာ ၂၀ လို့ဆိုပေမယ့် အသစ်ပြန်သတ်မှတ်လိုက်တာကတော့ နောက်ထပ် အနည်းဆုံး နှစ်ပတ် သုံးပတ်ကြာမှာဖြစ်ပြီး အရောင်နဲ့အရွယ်အစားတွေ စုံလင်အောင်ပြုလုပ်နေရလို့ဖြစ်တယ်လို့ ဆိုပါတယ်။ null The Pixel XL box doesn’t include headphones. / © AndroidPIT Google Pixel XL ဟာ Google ရဲ့ စမတ်ဖုန်းသစ်နှစ်လုံးထဲမှာ အကြီးတစ်ခုဖြစ်ပါတယ်။ အခုတော့ Google Store မှာ ရနိုင်ပါပြီ။ ဈေးနှုန်းကတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဈေးနဲ့ တူပါတယ်။ 32 GB model ကတော့ $769 ဖြစ်ပြီး 128 GB model ကတော့ $869 ဖြစ်ပါတယ်။ Nexus 6P နဲ့ မတူကတော့ Pixel XL ဟာ 64 GB မရနိုင်တာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ Apple iPhone 7 Plus နီးနီး တင်ထားတာဖြစ်ပါတယ်။ မက်ဆေ့ခ်ျတွေ၊ ဖုန်းနံပါတ်တွေနဲ့ ဓါတ်ပုံတွေကို iPhone ကနေ Pixel XL ဆီကို ပို့လို့ရမယ့် ကြိုးတစ်ချောင်းလည်း အခမဲ့ရမှာ ဖြစ်ပါတယ်။ သုံးစွဲသူစိတ်ကြိုက်တွေ့မှုနဲ့ ဈေးနှုန်း အတူတူလောက်ဖြစ်တဲ့ပစ္စည်းတွေကိုထုတ်လုပ်ပြီး ရေရှည်ထိသွားနိုင်မလားကတော့ ပြောလို့မရသေးပါဘူး။ Google Pixel XL design and build quality Pixel XL ကို HTC က ပြုလုပ်ပေးထားသော်လည်း သင့်အနေနဲ့ HTC 10အခြား Pixel ဖုန်းတွေနဲ့ ဆင်တူတာကို မြင်ရမယ် မထင်လိုက်ပါနဲ့။ HTC 10 နဲ့ အခုဖုန်းနှစ်လုံးမှာ တူညီတာကတော့ အလူမီနီယမ်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Samsung Galaxy S7 ၊ S7 Edge (both IP68 certified)တို့နဲ့ မတူတာကတော့ ဒါမှမဟုတ် iPhone 7 models (IP67 certified) တို့နဲ့မတူတာကတော့ Pixel နှစ်လုံးစလုံးဟာ IP53 standard ဖြစ်ပြီး HTC 10 မှာလို ရေစိုနဲ့ ဖုန်ဒဏ်ခံကနေ ကာကွယ်ပေးထားပါတယ်။ Pixel ဖုန်းတွေကို အတွင်းကို ဖုန်မ၀င်အောင် ကာကွယ်ထားပြီး ဒေါင်လိုက်ရေဖြန်းမှုကို ၆၀ဒီဂရီနှင့်အထက် ကာကွယ်ပေးထားပါတယ်။ Pixel XL နဲ့ အသေးဟာ ရေစိမ်တော့ မခံပါဘူး Galaxy S7 review Galaxy S7 Edge review ၅.၅လက်မဖုန်းမျက်နှာပြင်နဲ့ စမတ်ဖုန်းအတွက်ကတော့ Pixel XL ဟာ ကြီးမားပါတယ်။ အချိုးအစားအရ Pixel XL ဟာ ၅.၅လက်မဖုန်းမျက်နှာပြင်တပ်ဆင်ထားတဲ့ iPhone 7 Plusထက် နည်းနည်းသေးပါတယ်။ ဒါပေမဲ့ Samsung Galaxy S7 Edge နဲ့ ယှဉ်ရင်တော့ Pixel XL က ပိုသပ်ရပ်မှုရှိပါတယ်။ null The design of the Pixel XL is striking. / © AndroidPIT Pixel XL ရဲ့ လက်ဗွေရာစနစ်ဟာ စမတ်ဖုန်းရဲ့အနောက်မှာ ပါရှိပြီး Galaxy S7 Edge နဲ့ iPhone 7ကတော့ အရှေ့မှာတပ်ဆင်ထားပြီး မျက်နှာပြင်အောက်မှာ ထားတာဖြစ်ပါတယ်။ ဒါဟာ နေ့စဉ်အသုံးပြုသူတွေအတွက်တော့ ကောင်းလှတယ်လို့ မဆိုသာပါဘူး။ စမတ်ဖုန်းကို ခုံပေါ်မှာတင်ထားမယ်ဆိုရင်တော့ PIN သို့မဟုတ် pattern ကို ရွေးရမှာဖြစ်ပါတယ်။ အခြားနည်းလမ်းကတော့ သင့်လက်နဲ့ထောက်ပြီး Pixel XL ကို လော့ပွင့်အောင် လုပ်နိုင်ပါတယ်။ Pixel XL မှာပါဝင်တဲ့ fingerprint sensor ကို သုံးနေကျသွားမှာပါ။ အနောက်ဘက်ဒီဇိုင်းကိုတော့ နည်းနည်းဆွေးနွေးဖို့ လိုပါတယ်။ အလူမီနီယမ်တွေချည်း အကုန်လုံးပြုလုပ်ထားမဲ့အစား အပေါ်ပိုင်းသုံးပုံတစ်ပုံလောက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ ဖန်ကတော့ scratch-resistant Gorilla Glass 4 အမျိုးအစားဖြစ်ပြီး အသုံးနည်းပါတယ်။ Pixel ဖုန်းတွေ ထွက်ရှိအပြီးမှာတော့ ဖန်ထဲမှာ အားသွင်းတဲ့ပစ္စည်းကို မြှုပ်ထားတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အခုတော့ အဲဒါတွေ မပါဘူးဆိုတာ သိလိုက်ရပါတယ်။ NFC (Near Field Communications) chip ပဲ ဖန်ထဲမှာ မြှုပ်ထားပါတယ်။ analog audio input ကတော့ မပါဝင်တော့ပါဘူး။ ဒါပေမဲ့လည်း Pixel XL မှာ အကောင်းဆုံး best headphone jack ရှိနေပါသေးတယ်။ null Von wegen der analoge Audio-Anschluss ist tot. Das Pixel XL besitzt den bewährten Kopfhöreranschluss immer noch. / © AndroidPIT အနောက်ကင်မရာမှာ ပါဝင်တဲ့ laser auto-focus နဲ့ two-color LED flash တွေကတော့ ဖန်ထဲမှာ ဖုံးအုပ်ထားပါတယ်။ အဲဒီ feature တွေဟာ Pixel XL ရဲ့ရိုက်ချက်တွေကို လှပ၊ ပြတ်သားပြီး သဘာဝကျတဲ့ ပုံတွေနဲ့ ဗွီဒီယိုတွေဖြစ်အောင် ကူညီပေးပါတယ်။ ကင်မရာပိုင်းနဲ့ ပတ်သတ်လို့ နောက်မှာ ဆက်ဆွေးနွေးပါမယ်။ အနုပညာဖန်တီးမှုအပိုင်းနဲ့ ပတ်သတ်လို့ကတော့ ကင်မရာက ထူးခြားမနေပေမယ့် ကောင်းတယ်လို့တော့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ optical image stabilizer မပါဝင်ပါဘူး။ Optical stabilization အတွက် lens လိုတဲ့အတွက် နေရာစားပါတယ်။ Google အနေနဲ့ကတော့ software-based image stabilizer ပေါ်မှာ အားထားပြုထားတယ်လို့ ဆိုပါတယ်။ null There is no technology for wireless charging behind the glass cover as previously suspected, but only the NFC chip. / © AndroidPIT Pixel XL ရဲ့ အရှေ့ပိုင်းကတော့ အနောက်ဘက်နဲ့ယှဉ်ရင် ပျင်းစရာကောင်းပါတယ်။ ဖုန်းမျက်နှာပြင်ပွင့်နေသလားဆိုတာတွေအတွက်လုပ်ဆောင်ပေးတဲ့ proximity sensors ကတော့ ကောင်းပါတယ်။ အဖြူရောင်မော်ဒယ်လ်မှာကတော့ sensors တွေဟာ ထင်ရှားလွန်းနေပြီး အလှတရားကို ဖျက်ဆီးထားသလိုပါပဲ။ null All physical buttons are located on the right side of the Pixel XL smartphone. / © AndroidPIT Google Pixel XL display Pixel ဖုန်းအသစ်နှစ်လုံးစလုံးမှာ မျက်နှာပြင်အရွယ်အစားနဲ့ ရုပ်ထွက်တွေဟာ ၀ယ်ယူရန်စဉ်းစားတဲ့ နေရာမှာ အဓိကကျတဲ့ အချက်တွေ ဖြစ်ပါတယ်။ နေ့စဉ်သုံးဖို့အတွက် Full HD resolution ကအဆင်ပြေတယ်ဆိုရင်တော့ Pixel အသေးကို ရွေးချယ်ပါ။ ဒါပေမယ့် သင်ဟာ 2K လောက်ထိ လိုချင်တယ်ဆိုရင်တော့ Pixel XL ကို ရွေးရပါလိမ့်မယ်။ Pixel XL ရဲ့ ၅.၅လက်မ မျက်နှာပြင်ဟာ Samsung ရဲ့ AMOLED ကို အသုံးပြုထားပါတယ်။ 2560 x 1440 pixels ရုပ်ထွက်ရှိပြီးတော့ 534 ppi အထိ သိပ်ဆည်းဆ ရှိပါတယ်။ pixel အရည်အသွေးမြင့်မားသည့်အပြင် AMOLED မျက်နှာပြင်က အနက်ရောင်တန်ဖိုးကောင်းမွန်မှု၊ ကာလာစုံမှုနဲ့ ချိန်ညှိနိုင်စွမ်းမြင့်မားမှုတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Samsung Galaxy S7 နဲ့ S7 Edge တို့ရဲ့ AMOLED နဲ့ ကွာခြားချက်ကတော့ တောက်ပမှုမှာ Pixel XL က ပိုမြင့်ပါတယ်။ ဒီအချက်က နေရောင်ထဲမှာသုံးနေရင်တောင်မှ ဖတ်ရတာ သက်တောင့်သက်သာ ရှိစေမှာပါ။ null The high resolution AMOLED display is ideal to the consumption of multimedia content. / © AndroidPIT Gorilla Glass 4 က ဖုန်းရဲ့အရှေ့ပိုင်းကို ခြစ်ရာပွန်းရာတွေမှ ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင်ကို Google နဲ့ HTC က ဖန်ကို oleophobic coating ထပ်မံပြုလုပ်ထားပါသေးတယ်။ အဲဒီ anti-grease coating ဟာ လက်ဗွေရာကို သေးငယ်သွားစေအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဒါဟာ Pixel XL ရဲ့ လှည့်စားချက် တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်စမ်းသပ်နေစဉ်အတွင်းမှာ Pixel XL ရဲ့ မျက်နှာပြင်ဟာ တည်ငြိမ်မှုရှိပါတယ်။ YouTube နဲ့ Netflix တို့မှ ဗွီဒီယိုတွေကတော့ တော်တော်လေးကို ကြည့်လို့ကောင်းပြီး Assassin’s Creed Pirates နဲ့ Brothers: A Tale of Two Sons လို ဂိမ်းမျိုးတွေလည်း ဆော့လို့အဆင်ပြေပါတယ်။ ခြုံပြောရမယ်ဆိုရင်တော့ ဗွီဒီယိုနဲ့ ဂိမ်းကစားသူတွေအတွက်ကတော့ ဖုန်းမျက်နှာပြင်ဟာ အဆင်ပြေပါတယ်။ ရုပ်ထွက်နဲ့ မျက်နှာပြင်ကျယ်မှုကတော့ Pixel XL ဟာ အသေးထက်တော့ ပိုကောင်းပါတယ်။ ၅လက်မဖုန်းမျက်နှာပြင်နဲ့ Full HD resolution သာ ပါဝင်တဲ့ အသေးတစ်ခုထက်တော့ Google Daydream မှာ VR ဗွီဒီယိုတွေကြည့်ဖို့အတွက်ကတော့ Pixel XL က သိသိသာသာ ပိုကောင်းပါတယ်။ Night Mode ညအချိန်မှာ အပြာရောင်အလင်းထွက်ရှိမှုဟာ အိပ်ချင်စိတ်ကို လျော့ကျစေပြီး ရပ်တန့်စေပါတယ်။ Pixel ဖုန်းတွေကို ညအချိန်မှာ အသုံးပြုတဲ့အခါ အဲဒီလိုဖြစ်မှုတွေကို ကာကွယ်ဖို့အတွက် Android 7.1 Nougat နဲ့အတူ Night Light Mode ကိုပါ ထည့်သွင်းပေးထားပါတယ်။ အဲဒီmode မှာဆိုရင် OS ကနေပြီးတော့ အပြာရောင်အလင်းကို ညအချိန်မှာ လျော့ချပေးသွားမှာ ဖြစ်ပါတယ်။ အပြာအလင်းလျော့ချလိုက်တဲ့အတွက် ပုံတွေကတော့ အနည်းငယ် warm ဖြစ်သွားမှာပါ။ အဲဒီ feature ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ iOS 9.3 မှာတည်းက Apple ဟာ night mode ကို စတင်အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ အခြား Android စမတ်ဖုန်းထုတ်လုပ်တွေဟာလည်း အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ Google Pixel XL special features Google ဟာ settings ထဲမှာ feature အငယ်စားလေးကို ထည့်သွင်းထားပါတယ်။ တကယ်လို့ Google Pixel မှာ နည်းပညာ ပြဿနာတွေ ရင်ဆိုင်လာရမယ်ဆိုရင်တော့ setting ထဲကနေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ ၀က်ဘ်ဆိုက်တွေကနေတစ်ဆင့် ရှာစရာမလိုတော့ပါဘူး။ အဲဒီ function ဟာ ဖုန်းခေါ်မလား မက်ဆေ့ခ်ျကနေ ပြောမလား အဆင်ပြေပါတယ်။ support team နဲ့လည်း ဖုန်းမျက်နှာပြင်ကို မျှဝေအသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် သင့်မှာဖြစ်နေသမျှကို သူတို့မြင်နိုင်သလို အကြောင်းရင်းကို မြန်မြန်သိရှိပြီး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းကို remote access ပေးလိုက်ရလို့ စိတ်ပူမနေပါနဲ့။ Google ဟာ အဲဒီလိုလုပ်တာကို အချိန်အခါသင့်မှ ဆိုလိုချင်တာက သင်ခွင့်ပြုမှ သုံးမှာ ဖြစ်ပါတယ်။ null The Pixel XL has directly integrated support. / © AndroidPIT ဒီservice ဟာ Google ရဲ့ အသစ်ထွင်လိုက်တဲ့ နည်းပညာမဟုတ်ပါဘူး။ Lenovo သို့မဟုတ် Motorola ဟာလည်း MotoCare ဆိုပြီး အလားတူ service မျိုး ပေးခဲ့ဖူးပါတယ်။ Kazam လိုမျိုး မထင်ရှားတဲ့ ထုတ်လုပ်သူတွေတောင်မှ remote access တွေ ပေးခဲ့ဖူးပါတယ်။ Google Pixel XL software Pixel XL နဲ့ အသေး Pixel တို့ဟာ Android 7.1 ကို ထောက်ပံ့ပေးထားပါတယ်။ ဘယ်ဖုန်းကမှ Google ရဲ့ နောက်ဆုံးထွက် mobile operating system ကို မသုံးသေးပါဘူး။ ဒီဇင်ဘာ ၂၀၁၆အစောပိုင်းလောက်မှာ Nexus 6P ၊ Nexus 5X လိုမျိုး Nexus စမတ်ဖုန်းအဟောင်းတွေနဲ့ Pixel C တွေနဲ့ သင့်တော်မဲ့ ဗားရှင်းတွေလည်း ထွက်နိုင်မယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင်အထိကတော့ Android 7.1 Nougat ကို အသုံးပြုထားတာ Pixel နဲ့ Pixel XL ပဲ ရှိဦးမှာပါ။ Android 7.0 နဲ့ Android 7.1 ကြားမှာ ကွဲပြားသွားတာမျိုးကြီးတော့ မရှိပေမယ့် 7.1 မှာပဲ ရနိုင်တဲ့ feature တချို့တော့ ရှိပါတယ်။ Android 7.1 မှာ အသုံးပြုတဲ့ Google Assistant ကလည်း တစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင်စိတ်ဝင်စားမယ်ဆိုရင်တော့ Pixel Review ကို ဖတ်ဖို့ အကြံပြုချင်ပါတယ်။ Android 7.1 Nougat မှာ ထပ်မံဆန်းသစ်ထားတဲ့အရာတွေကို ပြောဖို့သေးတဲ့အတွက် နောက်ဆောင်းပါးတစ်ခုမှာ ပြောမှာဖြစ်ပါတယ်။ အနာဂတ်မှာ ဆန်းသစ်မှုတွေအားလုံးဟာ update ဖြစ်သွားတာနှင့်အမျှ ပြောင်းလဲနေမှာဆိုတော့ သက်သက်ရေးသွားပါ့မယ်။ Now Launcher ကို အစားထိုးထားတဲ့ Pixel Launcher မှာလည်း သိပ်ပြီးပြင်ဆင်ထားတာမရှိပေမယ့် feature အသစ်တွေတော့ ပါဝင်ပါတယ်။ null Google replaces the Now Cards with the Assistant. / © AndroidPIT Goodbye Google Now Launcher – Hello Pixel Launcher စမတ်ဖုန်းကို ပထမဆုံး စတင်အသုံးပြုမယ်ဆိုရင်တော့ launcher အသစ်ကို သတိပြုမိမှာပါ။ Google Now Launcher အစား Android 7.1 အပေါ်မှာ နာမည်တူ launcher ဖြစ်နေလို့ ဖြစ်ပါတယ်။ အဲဒီ launcher အသစ်မှာ တချို့ရာတွေကို ထပ်ထည့်ထားသလို ပြန်လည်ပြင်ဆင်ထားပါတယ်။ Google search bar ဟာ သင်္ကေတအနေနဲ့ ပြသထားပါတယ်။ AndroidPIT Google Pixel XL Menu null Der Pixel Launcher ersetzt den Now Launcher und bietet neben optischer Überarbeitung auch neue Funktionen an. / © AndroidPIT App Drawers ရဲ့ Fans တွေကတော့ icon နှိပ်လိုက်တာနဲ့ ပွင့်လာတော့မှာ မဟုတ်ပါဘူး။ App Dock ကို အပေါ်ပင့်လိုက်ချိန်မှာတော့ App Drawer မြန်မြန်ဆန်ဆန် ပွင့်လာပါတယ်။ အဲဒီအနည်းငယ်ပြောင်းလဲမှုဟာ app တွေကို App Dock ထဲမှာ လေးခုအစား ငါးခုထားရှိနိုင်မှာ ဖြစ်ပါတယ်။ null The App Drawer is still available, it just has a different name now. / © AndroidPIT Google စမတ်ဖုန်းတွေမှာ bloatware မပါလောက်ဘူးလို့တော့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း Allo ၊ Duo နဲ့ ဓါတ်ပုံတွေတောင်မှ system ကနေ ဖယ်ရှားပေးထားတာကတော့ အံ့သြဖို့ကောင်းပါတယ်။ null Finally, you can end all running applications with one click. / © AndroidPIT Google Pixel XL performance Google Pixel XLဟာဆိုရင်ဖြင့် Qualcomm Snapdragon 821 တပ်ဆင်ထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ 64-bit quad-core processor ဟာ အမြင့်ဆုံးအနေနဲ့ 2.15 GHz နဲ့ Vulkan API အသစ်ကိုထောက်ပံ့ပေးနိုင်တဲ့ Adreno 530 GPUတို့ ပေးနိုင်ပါတယ်။ အဲဒီ ပရိုဆက်ဆာဟာ 4 GB RAM (LPDDR4) ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ benchmark စမ်းသပ်ချက်မှာတော့ အဲဒီလိုပေါင်းစပ်မှုဟာ သူ့ကို ထိပ်တန်းရလဒ်တွေ ဖြစ်ပေါ်စေပြီး Samsung ၊ LG ၊ နဲ့ Lenovo တို့ရဲ့ နောက်မှာ ပုန်းကွယ်နေစရာ မလိုတော့ပါဘူး။ null Benchmark Results from Basemark and Geekbench 4 / © AndroidPIT null Benchmark Results for the Pixel in Vellamo. / © AndroidPIT Android 7.1 ကို နေ့စဉ်အသုံးပြုတဲ့အခါမှာ parallel သုံးလို့မရတဲ့ Android experience ကို ခံစားရမှာပါ။ Google Pixel XL ဟာ Android သုံးစွဲသူတွေကို iPhone 7 Plus က iOS user ကိုပေးတဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ null Nevertheless, it’s clear from the AnTuTu score that the Snapdragon 821 is not tops. / © AndroidPIT iPhone 7 (Plus)နဲ့ တူတဲ့ အခြားအချက်ကတော့ microSD cards ထပ်စိုက်လို့မရတာ ဖြစ်ပါတယ်။ 32 GB နဲ့ 128 GB ဆိုပြီး နှစ်မျိုးလာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Google ဟာ သုံးစွဲသူတွေကို Google Photos ကို အသုံးပြုပြီး ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို အခမဲ့သိမ်းဆည်းခွင့်ပေးထားတာ ဖြစ်ပါတယ်။ Google Pixel XL audio အသံပိုင်းဆိုင်ရာမှာတော့ Pixel ဖုန်းတွေဟာ နောက်ကိုပြန်လှည့်ထားပါတယ်။ အရင်က Nexus 6 နဲ့ Nexus 6P မှာ stereo front speakers တွေ ပါပေမယ့်လည်း Pixel XL ကတော့ အောက်ခြေမှာ mono speaker ပဲ ပါဝင်ပါတယ်။ ဒါကြောင့် အသံကတော့ သိပ်မကောင်းပါဘူး။ Pixel XL ဟာ ဒီနေရာမှာတော့ ပျှမ်းမျှလောက်သာ ကောင်းမွန်ပါတယ်။ ဂိမ်းနဲ့ဗွီဒီယိုတွေကို တစ်ခါတစ်ရံမှ ကစားမယ်ဆိုရင်တော့ mono speaker က လုံလောက်မှုရှိပါတယ်။ ဒါပေမယ့် အသံကျယ်ကျယ်နဲ့ အသုံးပြုလိုတဲ့သူတွေအတွက်ကတော့ အဆင်မပြေပါဘူး။ Trebble နဲ့ mid-ranges ကတော့ အသံပိုင်းဆိုင်ရာမှာတော့ တဒေါက်ဒေါက်နဲ့ သိပ်မကောင်းပါဘူး။ null As with many other Android smartphones, the mono speaker is stuck just behind a recess. / © AndroidPIT Pixel XL ပေါ်မှာ သီချင်းတွေ၊ ဗွီဒီယိုတွေနဲ့ ဂိမ်းတွေကစားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ Bluetooth headset ဒါမှမဟုတ် ကြိုးနဲ့ဖြစ်ဖြစ် အသုံးပြုတာ ပိုကောင်းပါတယ်။ ဖုန်းခေါ်မှုနဲ့ ပတ်သတ်လို့ကတော့ Pixel XL ဟာ ကောင်းမွန်ပါတယ်။ လိုင်းကျပ်နေတဲ့အချိန်မှာတောင်မှ နားကြပ်မပါဘဲ ဖုန်းခေါ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဖုန်းခေါ်ဆိုနေတဲ့အတွင်းမှာ တစ်ဖက်လူနဲ့ အဆုံးထိ အထစ်အငေါ့မရှိပြောနိုင်ပြီးတော့ ဆူညံသံတွေကို လျော့ချပေးထားပါတယ်။ Google Pixel XL camera စမတ်ဖုန်းတွေအတွက် ကင်မရာနှစ်လုံးဟာ အတော်လေးကို ခေတ်စားလာပါတယ်။ Appleရဲ့ iPhone 7 Plus ၊ Huawei P9 ၊ LG G5 တွေမှာ အဲလိုဒီဇိုင်းတွေရှိပေမယ့်လည်း Google Pixel XL ကတော့ မဟုတ်ပါဘူး။ sensor ကြီးကြီးနဲ့ 12.3 megapixel resolution ပါတဲ့ ကင်မရာတစ်လုံးသာ ပါဝင်ပါတယ်။ အဲဒီပေါင်းစပ်မှုဟာ 1.55 µm လောက်ရှိတဲ့ အရွယ်အစားဖြစ်သွားစေပါတယ်။ လူသိများတဲ့ website DXOMark က Google Pixel XL ဟာ ဈေးကွက်မှာ အကောင်းဆုံးကင်မရာ ဖြစ်တယ်လို့ ပြောထားပါတယ်။ rating 89 ရထားတဲ့အတွက်ကြောင့် Galaxy S7 (Edge) ၊ HTC10 ၊ နဲ့ Sony Xperia X တွေထက် ပိုကောင်းပါတယ်။ null Pleasing: The camera of the Pixel XL does not protrude from the housing. / © AndroidPIT ကင်မရာဟာ နေ့စဉ်အသုံးပြုမှုမှာ အဆင်ပြေနိုင်လား၊ ယှဉ်ပြိုင်တဲ့အခါမှာလည်း အပေါ်မှာရောက်နေမလား။ ဖြေရမယ်ဆိုရင်တော့ ဟုတ်ပါတယ် နဲ့ မဟုတ်ပါဘူးလို့ ဖြေရပါမယ်။ မမေးဘူးဆိုရင်တော့ Pixel XL ရဲ့ ကင်မရာဟာ လက်ရှိမှာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တိုင်းအတွက်တော့ အကောင်းဆုံး မဟုတ်ပါဘူး။ သူ့ရဲ့ optical image stabilizer က အလင်းရောင်ကောင်းကောင်းမရတဲ့အချိန်အခါမျိုးမှာ မကောင်းပါဘူး။ Pixel ရောPixel XLမှာပါ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာတော့ Galaxy S7 က ပိုကောင်းပါတယ်။ Google ကတော့ အဲဒီလိုအချိန်အခါမျိုးမှာ HDR ကို အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။ လက်ရှိထိပ်တန်းရောက် စမတ်ဖုန်းတွေနဲ့ ကွာခြားချက်ကို ဆွေးနွေးဖို့အတွက် နောက်ဆောင်းပါးတွေမှာ ပြောပြသွားပါမယ်။ null The camera interface is plain and simple./ © AndroidPIT Google က Pixel ဖုန်းတွေရဲ့ ဗွီဒီယိုဆိုင်ရာလုပ်ဆောင်ချက်တွေကို အသားပေးဖော်ပြထားပါတယ်။ 4K လောက်ရှိတဲ့ ဗွီဒီယိုတွေကိုလည်း Pixel XL မှာ အဆင်ပြေပြေကြည့်နိုင်ပါတယ်။ slow motion videos တွေကို Full HD with 240 or 120 frames per second နဲ့လည်း ကြည့်လို့ အဆင်ပြေပါတယ်။ သာမန်ဓါတ်ပုံတွေနဲ့ မတူတာကတော့ ဗွီဒီယိုရိုက်ကူးနေစဉ်မှာ electronic image stabilization အသုံးပြုနိုင်ပါတယ်။ သင်ဆုံးဖြတ်လို့ရအောင် ဗွီဒီယိုနှစ်ခု ရိုက်ကူးထားပါတယ်။ one video with the image stabilizer activated one without selfies အတွက် ရှေ့ကင်မရာကရော ဘယ်လိုလဲ။ selfie fans တွေအတွက်ကတော့ aperture of f/2.4 နဲ့အတူ 8-megapixel ရှိပါတယ်။ ဒီနေရာမှာလည်း 1.4 µm ဖြစ်ပါတယ်။ ပိုမိုပေါ့ပေါ့ပါးပါးရိုက်ကူးနိုင်အောင် ကြိုးစားထားပါတယ်။ အရှေ့ကင်မရာရဲ့မှန်ဘီလူးကို ထောင့်ပိုကျယ်အောင် ပြုလုပ်ထားလို့ အုပ်စုလိုက် selfies အတွက် ပိုကောင်းပါတယ်။ Pixel XL ကင်မရာအကြောင်း ဆက်ပြောကြရအောင်လား။ သူတို့ကတော့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းတစ်ထောင်နဲ့ ညီမျှပါတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ စမ်းသပ်ထားတဲ့ ပုံတွေကို အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်။ အခြားထိပ်တန်း စမတ်ဖုန်းတစ်လုံးနဲ့ ယှဉ်ပြထားတာ ဖြစ်ပါတယ်။ All the test pictures from the Google Pixel XL in full resolution null Google Pixel XL battery Pixel XL မှာ 3450 mAh ဘတ်ထရီအတွက် လုံလောက်တဲ့နေရာ ရှိပါတယ်။ မျက်နှာပြင်အရွယ်အစားနဲ့ ရုပ်ထွက်ပြီးရင်တော့ ဘတ်ထရီဟာလည်း Pixel နဲ့ Pixel XL ရဲ့ ကွာခြားချက်ဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း Qualcomm’s QuickCharge 3.0. Fast-charging ကို အသုံးပြုထားပြီး ဘတ်ထရီကတော့ လဲလှယ်လို့ မရပါဘူး။ null PCMark certifies a running time of 8 hours and 12 minutes for the Pixel XL. / © AndroidPIT PCMark ရဲ့ ဘတ်ထရီစမ်းသပ်ချက်တွေအရ ၈နာရီနဲ့ ၁၂မိနစ် ခံပါတယ်။ ဒါဟာ ကောင်းပါတယ်။ ဒါပေမယ့် ကိုးနာရီခံတဲ့ Xperia XZ နဲ့ ယှဉ်ရင်တော့ Pixel XL က အကောင်းဆုံး မဟုတ်တော့ပါဘူး။ နေ့စဉ်သုံးအတွက်ကတော့ Pixel XL ဟာ အားပြန်သွင်းစရာမလိုဘဲ တစ်နေကုန် အသုံးပြုနိုင်ပါတယ်။ Hardware တွေကြောင့် ဘတ်ထရီဟာ ဘယ်လောက်လျော့သွားနိုင်သလဲဆိုတော့ game Assassin’s Creed ကို မိနစ်ကိုးဆယ်လောက်တော့ ကစားနိုင်ပါတယ်။ အဲဒီဂိမ်းဟာ 540 mAh ကို အသုံးပြုပြီး မျက်နှာပြင်ကတော့ 759 mAh ကို အသုံးပြုပါတယ်။ ဒါကြောင့် Pixel XL ဟာ Assassin’s Creed ကို လေးနာရီဆက်တိုက်ကစားမယ်ဆိုရင်တော့ အားကုန်သွားနိုင်ပါတယ်။ null In a game test with Assassin’s Creed, the Pixel XL would shut off after about 4 hours. / © AndroidPIT အရေးပေါ်ကိစ္စအတွက် ဘတ်ထရီသက်တမ်းကို ရှည်စေချင်တယ်ဆိုရင်တော့ Android 7.1 Nougat မှာ power-saving function ပါဝင်ပါတယ်။ ဘတ်ထရီ Level အခြေနေတစ်ခုကို ရောက်တဲ့အခါမှာ အလိုအလျောက်ဖြစ်စေ သတ်မှတ်ပြီးဖြစ်စေ ဖွင့်နိုင်ပါတယ်။ အဲဒီ power-saving mode ဟာ စမတ်ဖုန်းရဲ့ အသုံးပြုမှုတွေကို လျှော့ချပေးလိုက်ပါတယ်။ ဥပမာ WLAN ၊ Bluetooth ၊နဲ့အခြား background processes တွေကို ပိတ်လိုက်လို့ ဖြစ်ပါတယ်။ Android 7.1 Nougat မတိုင်မီ Samsung ၊ Sony နဲ့ HTC တို့မှာ အသုံးပြုလို့ရနေပြီဆိုတာကတော့ ငြင်းနိုင်စရာမရှိပါဘူး။ Pixel XL ရဲ့ ဘတ်ထရီသက်တမ်းက သာမန်ဖြစ်ပေမယ့်လည်း တစ်နေ့လုံး အသုံးပြုနိုင်ပါတယ်။ ပြီးတော့ fast-charging နည်းပညာကလည်း အကူအညီဖြစ်ပါတယ်။ မိနစ်ကိုးဆယ်အတွင်းမှာ ဘတ်ထရီဟာ ၁၀၀% အထိ သွင်းနိုင်ပါတယ်။ Google Pixel XL technical specifications o Type: Phone o Model: Sorry, not yet available! o Manufacturer: Google o Dimensions: 154.7 x 75.7 x 8.6 mm o Weight: 168 g o Battery size: 3450 mAh o Screen size: 5.5 in o Display technology: AMOLED o Screen: 2560 x 1440 pixels (534 ppi) o Front camera: 8 megapixels o Rear camera: 12.3 megapixels o Flashlight: Dual-LED o Android version: 7.1 – Nougat o User interface: Stock Android o RAM: 4 GB o Internal storage: 32 GB,128 GB o Removable storage: Sorry, not yet available! o Chipset: Qualcomm Snapdragon 821 o Number of cores: 4 o Max. clock speed: 2.15 GHz o Connectivity: HSPA, LTE, NFC, Bluetooth 4.2 Final verdict Pixel XL နဲ့ Pixel ဟာ ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ Nexus ကနေ Pixel လို့ နာမည်ပြောင်းသွားသလိုပဲ စမတ်ဖုန်းတွေဟာလည်း အတော်လေး ပြောင်းလဲသွားပါတယ်။ တကယ်တော့ Pixel ဖုန်းတွေဟာ အရင် Nexus ဖုန်းတွေထက် အတော်လေးကို ခြားနားသွားပါပြီ။ တကယ်လို့ သင်ဟာ ရုပ်ထွက်ကောင်းကောင်း၊ လုပ်ဆောင်ချက်မြင့်မားပြီး ကင်မရာလည်း အကောင်းဆုံးထဲက တစ်ခုဖြစ်တဲ့ စမတ်ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Pixel XL ကို ကြည့်ကြည့်သင့်ပါတယ်။ တကယ်လို့သင်ဟာ Android OS သန့်သန့်လေးလည်း အသုံးပြုချင်တယ်၊ Google Assistant လည်း လိုချင်တယ်ဆိုရင်တော့ ရွေးမနေပါနဲ့ ။ Pixel XL ကို ပြေးသာဝယ်လိုက်ပါတော့။ Samsung Galaxy S7 Edge ၊ Lenovo Moto Z ၊ နဲ့ HTC 10 ဈေးကောင်းပြီး လုပ်ဆောင်ချက်မြင့်မားတဲ့ မြင့်မားတဲ့ စမတ်ဖုန်းတွေနဲ့ မယှဉ်ဘူးဆိုရင်တော့ သင့်အတွက် အဆင်ပြေပြေ ဖြစ်မှာပါ။ Aung Phyo Oo (Myanmar Mobile App)

No comments:

Powered by Blogger.