ကျန်းမာရေးအတွက် ခွေးတောက်ရွက်ကို ဘယ်လိုသုံးမလဲ

အရက်သောက်သူတွေအတွက် ခွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက်ပြယ်စေပါတယ်။


မြန်မာ့ဆေးကျမ်းတွေမှာတော့ ခွေးတောက်ရွက်ဟာ ဝမ်းမီးကိုတောက်စေပြီး ဓာတ်လေများကို ခိုင်မာစေတယ်လို့ ဖော်ပြထားပါတယ်။ သလိပ်ကိုကြေစေပြီး သွေးတိုးပွားစေတယ်လို့ ဆိုပါတယ်။အောက်ပါနည်းလမ်းတွေကတော့ ခွေးတောက်ရွက်ကို အသုံးပြုပုံတွေဖြစ်ပါတယ်။

၁ - အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်စေပါတယ်။ နုရင်ပိန်သွားမှာဖြစ်ပြီး ရင့်ရင်တော့ ပြည်ပေါက်သွားမှာဖြစ်ပါတယ်။
၂ - အရက်သောက်သူတွေအတွက် ခွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက်ပြယ်စေပါတယ်။
၃ - ကြော်စားမယ်၊ ဟင်းခါးချက်သောက်မယ်ဆိုရင် လေထိုးလေအောင့်နဲ့ ဆီးချုပ်တာပျောက်ပါတယ်။

၎ - အရွက်ကိုကြိတ်ပြီး အုံစည်းပေးထားမယ်ဆိုရင် အဖုအကျိတ်တွေပျောက်ပါတယ်။
၅ - သကြားနဲ့ထောင်းပြီး အုံပေးရင် အကြောအဆစ်လွဲတာပျောက်ပါတယ်။
၆ - ဘဲဥနဲ့ကြော်စားမယ်ဆိုရင် ခွန်အားတိုးစေပါတယ်။
Photos & Source: Burmes Medical Plant
Credit  > Duwun

No comments:

Powered by Blogger.