ကြက်သွန်ဖြူကို ဘာကြောင့် နေ့စဉ် စားသင့်သလဲ

ကျန်းမာရေး အကျိုးကျေးဇူးအပေးဆုံး အစားအစာက ကြက်သွန်ဖြူဖြစ်ပါတယ်။


ကြက်သွန်ဖြူဟာ စားပြီးတဲ့အခါ အနံ့အသက် ထွက်တဲ့အတွက်ကြောင့် ပုံမှန်စားသုံးဖို့ လူတွေ မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကြက်သွန်ဖြူကို ပုံမှန်စားသုံသင့်သလဲ ဆိုတာ လေ့လာချက် အသစ်တစ်ခုက ဖော်ထုတ်လိုက်ပါပြီ။

ကြက်သွန်ဖြူစားသုံးခြင်းဖြင့် သွေးလွှတ်ကြောလမ်းကြောင်း တစ်လျှောက်ရှိ ချိုးကပ်နေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ သွေးလွှတ်ကြောမှာကပ်နေတဲ့ ချိုးတွေက အန္တရာယ်ပေးနိုင်ပြီး အဲဒီကတစ်ဆင့် နှလုံးရောဂါဖြစ်ပွားကြတာပါ။ လော့စ်အိန် ဂျလိမှာ ရှိတဲ့ ဇီဝဓာတုဆိုင်ရာလေ့လာရေးဗဟိုဌာနရဲ့ သုတေသနပြုချက်အရ ဒီရလဒ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ ကနေ ၇၅ နှစ်အရွယ်အသီးသီးရှိကြတဲ့ လူနာပေါင်း ၅၅ ဦးကို လေ့လာဆန်းစစ်ခဲ့တာပါ။ ကြက်သွန်ဖြူ ပုံမှန်စားသုံး ခြင်းဖြင့် သွေးလွှတ်ကြောမှာ နောင်ကပ်ငြိလာနိုင်ဖွယ်ရှိတဲ့ ချိုးတွေကိုလည်း ထပ်မဖြစ်စေဘူးလို့ ဆိုပါတယ်။ အများအားဖြင့် သွေးကြောထဲမှာ ရှိတဲ့ အဆီဂျိုးတွေကတစ်ဆင့် နှလုံးရောဂါ ဖြစ်ပွားစေတာပါ။ လူတစ်ဦးဟာ နေ့စဉ် ကြက်သွန်ဖြူ အနည်းငယ် စားသုံးပေးခြင်းဖြင့် တစ်နှစ်လောက် ကြာတဲ့အခါ သွေးကြောထဲမှာ ကပ်ငြိနေတဲ့ချိုးတွေ ၈၀ ရာခိုင်နှုန်းလောက် ကွယ်ပျောက်သွားတာ တွေ့ရပါတယ်။

ကြက်သွန်ဖြူထဲမှာ ကာဘွန်ဟိုက်ဒရိုက်ဓာတ်လည်း ပါဝင်တာကြောင့် အကြောအားနည်းတဲ့ ရောဂါနဲ့ ဦးနှောက်မှတ်ဥာဏ် မကောင်းခြင်း၊ လေဖြတ်ခြင်းတို့ကိုပါ ကာကွယ်ပေးကြောင်း သုတေသီတွေက ယူဆထားကြပါတယ်။
Source :  Daily Mail
Photos : ask,healthination
Credit > Duwun

No comments:

Powered by Blogger.