သတင်းအချက်အလက် နည်းပညာတက္ကသိုလ် နိုဝင်ဘာ ၁၅ ရက် ကျောင်းအပ်လက်ခံမည်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် နိုဝင်ဘာ ၁၅ ရက် ကျောင်းအပ်လက်ခံမည်

၂၀၁၆-၂၀၁၇ ပညာ သင်နှစ်အတွက် သတင်းအချက် အလက် နည်းပညာတက္ကသိုလ် (UIT) ပထမနှစ် သင်တန်းဝင်ခွင့် ရရှိသည့် ကျောင်းသူ၊ ကျောင်း သားများအား နိုဝင်ဘာ ၁၅ ရက် ကစတင်၍ ကျောင်းအပ်လက်ခံ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ကျောင်းသူ၊ ကျောင်းသား များအတွက် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ကျောင်း အပ်လက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်သင် ကြားမည်ဖြစ်ကြောင်း သတင်းအ ချက်အလက် နည်းပညာတက္က သိုလ်၊ ကျောင်းသားရေးရာဌာနမှ သိရသည်။
ယခုပညာသင်နှစ် ပထမနှစ် ဘွဲ့ကြိုသင်တန်းအတွက် နောက် ဆုံးဝင်ခွင့်ရ အမှတ်မှာ ၄၈၁ မှတ် ဖြစ်ပြီး ကျောင်းသား ၁၀၄ ဦးနှင့် ကျောင်းသူ ၁၀၀ ဦး စုစုပေါင်း ၂၀၄ ဦးအား တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့မှတစ်ဆင့် ရွေး ချယ်ထားကြောင်း အဆိုပါတက္က သိုလ်မှ သိရသည်။

 သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ တက် ရောက်ခွင့်ရရှိသည့် ကျောင်း သား၊ ကျောင်းသူများ၏ စာရင်း ကို တက္ကသိုလ်၏ ကြော်ငြာသင် ပုန်းတွင် ကြေညာထားပြီး သက် ဆိုင်ရာ လိပ်စာများအလိုက် အ ကြောင်းကြားစာများ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ကျောင်းသားရေးရာဌာနမှ သိရ သည်။
 သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် အထူး ပြု ဘာသာရပ် စုစုပေါင်း ခုနစ်ခု ကို ပညာသင်နှစ် ငါးနှစ်ကြာ သင် ကြားပေးပြီး ပညာသင်နှစ်ပြီးဆုံး ပါက B.C.Sc နှင့် B.C. Tech ဘွဲ့ ပေးအပ်မည်ဖြစ်သည်။
 သတင်းအချက်အလက် နည်းပညာ  တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ခန့် တက်ရောက်သင်ယူနေပြီး ဆရာ၊ ဆရာမ ၈၀ ကျော်က သင် ကြားပေးနေကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ သိရသည်။
၂၀၁၂ ဒီဇင်ဘာက အဆင့် မြင့်ကွန်ပျူတာတက္ကသိုလ်အဖြစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ဧပြီ၌ သတင်းအချက်အ လက် နည်းပညာတက္ကသိုလ် (University of Information Technology-UIT) ဟု အမည် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

No comments:

Powered by Blogger.