ဘဝအဖော်မွန် ရွေးချယ်ချိန်မှာ ဒီ (၁၀) ချက်နဲ့ မကိုက်ညီသူကို မစဉ်းစားသင့်

အထီးကျန်ဆန်လို့၊ တစ်ကိုယ်တည်းဘဝနဲ့ နေရာမှာစိုးလို့ဆိုတဲ့ အတွေးတွေနဲ့ သင့်အတွက် အဓိကလိုအပ်နေတာတွေကို မဖြည့်ဆည်းပေးနိုင်သူကို လက်မခံသင့်ပါဘူး။

သင့်ရဲ့ဘဝအဖော်မွန်ဟာ အောက်ပါ ၁၀ ချက်နဲ့ ကိုက်ညီနေသင့်ပါတယ်။


၁။ သင်ဟာ သူ့အတွက်အရာရာလို့ မြင်နိုင်သူ

၂။ သင့်ကို အရာရာဦးစားပေးသူ

၃။ အချိန်တွေနဲ့ ဂရုစိုက်မှုတွေကို ရက်ရက်ရောရောပေးနိုင်သူ

၎။ သင့်ကိုယ်သင့် မလှဘူးလို့ ထင်နေချိန်မှာတောင် သင့်ရဲ့အလှကို မြင်နိုင်သူ

၅။ သင်ပြောတာကို ဂရုတစိုက်နားထောင်ပေးသူ


၆။ သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းအဖြစ် ဘေးက ရပ်တည်နိုင်သူ

၇။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်ဘေးမှာ မားမားမတ်မတ်ရပ်နိုင်သူ

၈။ သင့်အပေါ် ယုံကြည်သူ

၉။ သင့်ရဲ့ရူးသွပ်မှုတွေကိုလည်း သင့်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံနိုင် ချစ်နိုင်သူ

၁၀။ သင့်ကို ပိုတော်တဲ့သူဖြစ်အောင် စိန်ခေါ် တွန်းအားပေးနိုင်သူ။

Credit:Duwun

No comments:

Powered by Blogger.