ယောကျာ်းချင်း သန္ဓေရနိုင်သည့် နည်းလမ်းတွေ့ရှိ



မိန်းကလေ မမျိုးဥမလိုအပ်တော့ပဲ..
ယောကျာ်းအချင်းချင်း သန္ဓေရရှိနိုင်သည့် နည်းလမ်းတခုကို
သပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြပါသည်။

    အဆိုပါတွေ့မှုအရ မမျိုးဥနေရာတွင် အရေပြားဆဲလ်ကို
အစားထိုးကာ သန္ဓေတည်နိုင်ကြောင်း တွေ့ရှိရပါသည်။
ထိုကြောင့် အမျိုးသားအချင်းချင်း လိင်တူလက်ထပ်ထားသူများသည် ဖန်ပြွန်သန္ဓေသား ဖန်တီးသည့်အခါ ကြားခံမမျိုးဥမလိုတော့ပဲ ၎င်းတို့ချည်းသက်သက် သန္ဓေအောင်နိုင်တော့မည်ဖြစ်သည်။

 ဗြိတိန်နိုင်ငံ ဘက်သ်တက္ကသိုလ်မှ ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။အဆိုပါနည်းလမ်းကို ယခုချက်ချင်း အသုံးပြုနိုင်မည်မဟုတ်သေးဘဲ နောက်ထပ် လေ့လာစမ်းသပ်မှုများစွာ ပြုလုပ်ပြီးမှ အတည်ပြုနိုင်မည်ဖြစ်သည်။ အဆိုပါနည်းလမ်းသည် လိင်တူဆက်ဆံသည့် အမျိုးသားများအတွက် အဆင်ပြေသော်လည်း အမျိုးသမီးများ၏ ကန့်ကွက်မှုများကို ခံရနိုင်သည်ဟု ခန့်မှန်းသုံးသပ်ကြသည်။

ဒန်နီ
#Credit > Shwe Zin

No comments:

Powered by Blogger.