“¯\_(ツ)_/¯” သင်္ကေတအတွက် iOS emoji ထွက်လာ

“¯\_(ツ)_/¯” သင်္ကေတအတွက် iOS emoji ထွက်လာ


သင့်အနေနဲ့ သူငယ်ချင်းတစ်ယောက်ကို ချက်နေတုန်းမှာ နားမလည်တာ၊ စိတ်ပျက်တာစတဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြဖို့အတွက် “¯\_(ツ)_/¯” ကိုအသုံးပြုလေ့ရှိပါတယ်။ သဘောကတော့ မသိတော့ဘူး၊ အဆင်ပြေသလိုသာလုပ်တော့ သဘောပဲ စသည်ဖြင့် ဖွင့်ဆိုနိုင်ပါတယ်။

ဒါပေမယ့် iOS ရဲ့ လတ်တလောထွက်ထားတဲ့ iOS 10.2 beta ဗားရှင်းမှာတော့ ဒီအတွက် Emoji အသစ်တစ်ခုပါဝင်လာခဲ့ပါတယ်။ အဆိုပါ Emoji ဟာ တခြား iOS ရဲ့ Emoji အသစ်တွေဖြစ်တဲ့ Black Heart, Gorilla (Ugh), Selfie တို့နဲ့အတူ Unicode 9.0 စနစ်ကို အခြေခံထားတဲ့ Emoji သင်္ကေတတွေထဲက တစ်ခုအနေနဲ့ ပါဝင်လာခဲ့တာပါ။

သင့်အနေနဲ့ ဒီ Update မှာ ထောပတ်သီး Emoji နဲ့ တခြား Apple ရဲ့ တိုးမြှင့်ထည့်သွင်းထားတဲ့ Emoji အသစ်တွေကိုလည်း တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: The Verge

No comments:

Powered by Blogger.