စိတ်ကြည်လင်စေဖို့ နေရောင်နဲ့ ထိတွေ့ပေးဖို့ လိုအပ်

စိတ်ကြည်လင်စေဖို့ နေရောင်နဲ့ ထိတွေ့ပေးဖို့ လိုအပ်

တစ်ချိန်လုံးစိတ်မကြည်မလင်ဖြစ်နေတာ၊ ထိုင်းမှိုင်းသလို ခံစားနေရတာတွေဟာ  နေရောင်ခြည်အလုံအလောက် မရလို့ ဖြစ်နိုင်ပါတယ်။

နေရောင်ခြည် အလွန်အကျွံထိတွေ့ခြင်းဟာ အသားအရေကို ပျက်စီးနိုင်ပေမဲ့ အတော်အသင့် ထိတွေ့မှုကတော့ စိတ်ပိုင်းဆိုင်ရာအတွက် အမြောက်အများအကျိုးဖြစ်ထွန်းနိုင်ပါတယ်။ မိုးများတဲ့နေ့တွေနဲ့ လေထုညစ်ညမ်းလွန်းတဲ့ နေ့တွေမှာ လူတွေဟာ ပိုပြီး စိတ်အလိုမကျဖြစ်နေတတ်တယ်လို့ သိရပါတယ်။

နေရောင်ခြည်နဲ့ထိတွေ့ခြင်းဟာ ဦးနှောက်က ထုတ်လွှင့်တဲ့ ဟိုမုန်းတစ်မျိုးနဲ့ serotonin အဆင့်ကို မြင့်မားစေပြီး စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်စေတာလည်း ဖြစ်ပါတယ်။

Credit:Duwun

No comments:

Powered by Blogger.