ဦးနှောက်အတွင်း အချက်အလက်ထည့်သွင်းမှုနည်းစနစ် သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ


ကျွန်ုပ်တို့လူသားတွေဟာ ဦးနှောက်ထဲ အချက်အလက်တွေ မရပ်မနား ထည့်သွင်းပြီး အသစ်အဆန်းတွေ စူးစမ်းချင်ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ လူ့ဦးနှောက်အတွင်း အချက်အလက် သွပ်သွင်းတဲ့ နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး အထူးအားစိုက်ထုတ်စရာ သိပ်မလိုဘူးလို့ သိရပါတယ်။ ဦးနှောက်အတွင်း အချက်အလက်သွပ်သွင်းကိရိယာတွေ သိပ္ပံပညာရှင်တွေမှာ ရှိနေပြီး ဒါဟာ လက်တွေ့ဘဝကို Matrix ကဲ့သို့ လေ့လာသင်ကြားမှုဆီ ဦးတည်ဖို့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။

မှတ်မိကြသေးလားမသိဘူး။ Matrix ဇာတ်ကားမှာ Trinity ကနေ စက္ကန့်ပိုင်းအတွင်း ရဟတ်ယာဉ်ထိန်းချုပ်မောင်းနှင်မှုအတတ် လေ့လာခဲ့တာလေး၊ ဒါမှမဟုတ် မျက်စိတစ်မှိတ်အတွင်း Kung Fu ကိုယ်ခံပညာ သင်ကြားတတ်မြောက်လိုက်တာတွေ။ အလားတူကျွမ်းကျင်မှုတစ်ခု သင်ကြားပေးဖို့ နည်းလမ်းရှိတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သိပ္ပံဇာတ်ကားထဲဟာတွေနဲ့ နှိုင်းယှဉ်ရင် အနည်းအကျဉ်းသာ ရှိသေးတယ်လို့ သုတေသီတွေက ပြောဆိုခဲ့ပါတယ်။

သုတေသီတွေဟာ ကျွမ်းကျင်ပြီးသား လေယာဉ်မှူးတစ်ဦးရဲ့ ဦးနှောက်အချက်ပြကိရိယာတွေ စမ်းသပ်လေ့လာပြီး လေယာဉ်မောင်းသင်တန်းတက်သူ အတွေ့အကြုံနည်း အခြားလေယာဉ်မှူးတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။ အီလက်ထရို့ခေါင်းဆောင်း electrode cap တစ်ခုကတဆင့် ဒေတာအချက်အလက်ထည့်သွင်းစမ်းသပ်ခံသူတွေဟာ လေယာဉ်မောင်းအတတ် ပိုမိုးတိုးတက်လာကြကြောင်း ရလဒ်တွေထွက်ပေါ်ခဲ့တယ်လို့ ယင်းလေ့လာမှုက ဖော်ပြခဲ့ပါတယ်။

ကျနော်တို့ရဲ့ ဒီနည်းစနစ်က ပထမဆုံးဦးပဲ။ အဲဒါက ဦးနှောက်အချက်လက်ထည့်သွင်းမှုစနစ်တစ်ခုပါ လို့ ဒေါက်တာ Matthew Phillips က ရှင်းပြခဲ့ပါတယ်။ သိပ္ပံဆန်ဆန်ဆိုပေမယ့် ဦးနှောက်ဖွံ့ဖြိုးခြင်းအတွက် အဓိက သိပ္ပံနည်းကျအခြေခံစနစ်ကြီးတစ်ခု ရှိပါတယ်။ ကျတော်တို့ အဓိကလေ့လာနေတဲ့ လုပ်ဆောင်မှုက လေယာဉ်ထိန်းကျောင်းမောင်းနှင်ခြင်းပဲ ဖြစ်ပါတယ်။ သူ့မှာ စဉ်းစားသိမြင်မှုနဲ့ စက်လည်ပတ်လုပ်ဆောင်မှုနှစ်ခု၊ စုဆောင်းညှိနှိုင်းဆောင်ရွက်မှုတစ်ခု လိုအပ်ပါတယ်။

တစ်စုံတစ်ခု လေ့လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဦးနှောက်ပြောင်းလဲမှု ဖြစ်ပွားပါတယ်။ ချိတ်ဆက်မှုတွေဖြစ်ပြီး neuroplasticity လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခု အားကောင်းသွားပါတယ်။ စကားပြောဆိုမှုနဲ့ မှတ်ဥာဏ်ကဲ့သို့ ဦးနှောက်လုပ်ဆောင်ချက်တွေဟာ ဦးနှောက်ရဲ့ သတ်မှတ်နေရာ ရောက်ရှိသွားကြတာပါ။ တစ်ဦးချင်းစီ ကျွမ်းကျင်မှုတစ်ခု တစ်ညီတည်း လေ့ကျင့်ပေးနိုင်ခဲ့ပြီလို့ သူက ထပ်ပြောပါတယ်။

Credit: trend Myanmar




No comments:

Powered by Blogger.