ဒုတိယအကြိမ်မြောက် ပွဲပယ်ခံလိုက်ရတဲ့ မော်ရင်ဟို

မန်ယူနည်းပြဖြစ်ပြီးမှ မော်ရင်ဟို ပေးဆောင်ရတဲ့ ဒဏ်ကြေးဟာလည်း မနည်းတော့ပါဘူး။


ပြီးခဲ့တဲ့တစ်ပတ် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ မလျော်ကန်တဲ့အပြုအမူမျိုး လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မော်ရင်ဟိုကို အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေး ကော်မတီက တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ဒီနေ့ည ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ အက်ဖ်အေဘက်ကလည်း မော်ရင်ဟိုအပေါ် ချမှတ်တဲ့ပြစ်ဒဏ်ကို ဗုဒ္ဓဟူးည ကစားမယ့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမတိုင်ခင် သုံးနာရီအလိုမှသာ ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ရေဘူးပိတ်ကန်ခဲ့တဲ့အတွက်လည်း မော်ရင်ဟိုဟာ ဒဏ်ကြေးဆောင်ရမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မော်ရင်ဟိုကို ဒဏ်ကြေး ပေါင် တစ်သောင်းခြောက်ထောင်ပေးဆောင်ဖို့ အက်ဖ်အေက ဆုံးဖြတ်ခဲ့ပါတယ်။ မန်ယူအသင်းနည်းပြ ဖြစ်လာပြီးနောက် မော်ရင်ဟိုအတွက် တတိယအကြိမ်မြောက် ဒဏ်ကြေးဆောင်ရခြင်း ဖြစ်ပြီး ဒုတိယအကြိမ်မြောက်ပွဲပယ်ခံရခြင်းလည်း ဖြစ်ပါတယ်။ လီဗာပူးနဲ့ ပွဲစဉ်မတိုင်ခင်ကလည်း ကွင်းလယ်ဒိုင်နဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာမှတ်ချက်ပေးခဲ့တဲ့ မော်ရင်ဟိုကို အက်ဖ်အေက ပေါင် ငါးသောင်း ဒဏ်ရိုက်ခဲ့ပါတယ်။

အဲဒီနောက် ဘန်လေနဲ့ပွဲအပြီးမှာလည်း မော်ရင်ဟိုဟာ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
Source : Daily Mail
Credit > Duwun


No comments:

Powered by Blogger.