4G အင်တာနက်အတွက် လိုအပ်သည့်လှိုင်းနှုန်း 1800 Spectrum ရောင်းချရန် ပြည်ပအကြံပေးခေါ်ယူ


ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနသည် 1800 Spectrum ကို ဆက်သွယ်ရေး အော်ပရေတာများအတွက် ရောင်းချပေးနိုင်ရန် ပြည်ပမှ အကြံပေးပညာရှင်ကို ခေါ်ယူထားကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် အကြံ ပေးပညာရှင် ခေါ်ယူပေးခဲ့ခြင်း ဖြစ်ပြီး  လာမည့်တစ်ပတ်အတွင်း အဆိုပါ အကြံပေးပညာရှင်နှင့် အတူ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၌ ဆွေးနွေးမှုများ စတင် ပြုလုပ်မည်ဖြစ်သည်။
‘‘ကမ္ဘာ့ဘဏ်က ငှားပေးတာ ပါ။ ရှေ့တစ်ပတ်ထဲမှာ အကြံ ပေးခေါ်ထားပါတယ်။ 1800 Spectrum ကို ဘယ်ဈေးနဲ့ရောင်း မယ်၊ ဘယ်ပုံစံနဲ့ ရောင်းမယ်ဆို တာ မဆွေးနွေးရသေးပါဘူး’’ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

1800 Spectrum သည် ဆက်သွယ်ရေး အော်ပရေတာ များအတွက် 4G အင်တာနက်ဝန် ဆောင်မှုပေးရန် မရှိမဖြစ်လိုအပ် နေသော Spectrum အမျိုးအစား တစ်ခုဖြစ်သည့်အပြင် လူအများ အသုံးပြုနေသည့် Digital Device များနှင့်လည်း ၁၀၀ ရာခိုင်နှုန်း အဆင်ပြေစေသည်ဟု ဆက် သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့်တယ်လီနောက ထုတ်ပြန်ပြောဆိုထားသည်။
လက်ရှိအချိန်တွင် ဆက် သွယ်ရေး အော်ပရေတာများ သည် အစိုးရထံမှ Spectrum ထပ်မံဝယ်ယူနိုင်သေးခြင်းမရှိ၍ ၎င်းတို့ယခင်က ဝယ်ယူထားရှိသည့် 2100 Spectrum 15 MHz အနက်မှ 5 MHz ကို 4G ကွန်ရက်အတွက် မျှဝေသုံးစွဲနေရခြင်းဖြစ်သည်။
1800 Spectrum မရရှိသေး၍ လက်ရှိဝန်ဆောင်မှု ပေးအပ်နေ သော 4G ဒေတာ အမြန်နှုန်းသည် 3G ဒေတာအမြန်နှုန်းထက် နည်းပါးနေရသည်ဟု ယခင် တယ်လီနော၏ စီအီးအိုဟောင်း မစ္စတာပတ်တာဖာဘတ်ခ်ျက ၎င်းတို့ 4G စတင်မိတ်ဆက်စဉ်က ပြောဆိုခဲ့သည်။
ဆက်သွယ်ရေးအော်ပရေ တာနှစ်ခုဖြစ်သည့် အူရီးဒူးနှင့် တယ်လီနောတွင် 900 Spectrum 5 MHz နှင့် 1800 Spectrum 15 MHz ကို ညီတူမျှတူ ပိုင်ဆိုင်ထားပြီး ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင်900 Spectrum ကို အခြားအော်ပရေတာများထက် 5 MHz ပိုမိုပိုင်ဆိုင်ထားသည်။
‘‘1800 ကို လေလံစနစ်နဲ့ ရောင်းမှာလား၊ ဘယ်လိုပုံစံမျိုးနဲ့ ရောင်းမှာလဲဆိုတာ မသိရသေး ဘူး။ 1800 ကိုရောင်းတဲ့အချိန်မှာ စတုတ္ထမြောက် အော်ပရေတာ အတွက်လည်း ချန်ထားပေးမှာ ပါ’’ဟု ဦးမျိုးဆွေက ပြောသည်။
အစိုးရအနေဖြင့် ပြည်ပမှ ဆက်သွယ်ရေးအော်ပရေတာ များကို Spectrum စတင်ရောင်း ချခဲ့စဉ်က အမေရိကန်ဒေါ်လာ ၁ဒသမ ၅ ဘီလီယံရရှိပြီး မကြာ သေးမီ ပြည်တွင်းနည်းပညာကုမ္ပ ဏီများသို့ လေလံစနစ်ဖြင့် 2600 Spectrum ရောင်းချပေးခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခန့်ရရှိခဲ့သည်။

No comments:

Powered by Blogger.