အမ်ပီတီ 4G ကွန်ရက်အသုံးပြုရန် ဆင်းမ်ကတ်အသစ်လဲရမည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)၏ 4G ကွန်ရက် ကို အသုံးပြုလိုပါက ဆင်းမ်ကတ် ဟောင်း အသုံးပြုသူများသည် USIM ဟု ခေါ်ဆိုသည့် ဆင်းမ် ကတ်အသစ်များ လဲလှယ်သုံးစွဲရ မည်ဖြစ်သည်။
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)၏ 4G ကွန်ရက် ကို အသုံးပြုလိုပါက ဆင်းမ်ကတ် ဟောင်း အသုံးပြုသူများသည် USIM ဟု ခေါ်ဆိုသည့် ဆင်းမ် ကတ်အသစ်များ လဲလှယ်သုံးစွဲရ မည်ဖြစ်သည်။
 မြန်မာ့ဆက်သွယ်ရေးက ဖြန့်ချိသည့် ဆင်းမ်ကတ်အ ဟောင်းများသည် သာမန် 3G ကွန်ရက်ကိုသာ လုပ်ဆောင်နိုင်၍ 4G ကွန်ရက်အသုံးပြုရန် ဆင်းမ် ကတ်အသစ်လဲလှယ်ရန် လိုအပ်ခြင်းဖြစ်သည်။ ‘‘ဆင်းမ်ကတ်လဲ တာ ပိုက်ဆံပေးစရာလည်းမလိုပါ ဘူး။ ဘာမှပြစရာလည်းမလိုပါ ဘူး။ အဟောင်းပေးပြီးလဲလို့ရပါ တယ်’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ပြောသည်။
ဈေးကွက်အတွင်း လက်ရှိ ဖြန့်ချိနေသည့် ဆင်းမ်ကတ်များ သည် 4G ကွန်ရက်ကို ထောက်ပံ့ ပေးနိုင်ပြီး 4G ကွန်ရက်ထောက်ပံ့ မှုမပေးနိုင်သည့် ဆင်းမ်ကတ် ဟောင်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ ကိုယ်ပိုင်အရောင်း ဆိုင်များ၌ လဲလှယ်ပေးနေသည် ဟု အထက်ပါလုပ်ငန်းမှ သတင်း ရရှိသည်။
‘‘4G ကွန်ရက်ကို လက်ရှိမှာ တော့ အင်ဒိုးတွေအနေနဲ့ပဲပေး ထားသေးတယ်။ ကွန်ရက်ချဲ့ဖို့က တော့ 2800 Spectrum ရမှပဲ ဆက်ချဲ့တော့မယ်’’ဟု ဦးသိန်း ဟုတ်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ 4G ကွန်ရက်ကို ရန်ကုန်၌ Junction Square, Junction Maw Tin, Myanmar Plaza, Taw Win Centre ၊ ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် MPT အမှတ်တံဆိပ်ဆိုင်ခွဲ (ဆူး လေ)တွင် ပေးအပ်ထားပြီး နေ ပြည်တော်၌ Junction Center နှင့် Capital Hypermarket တို့၌ ပေးအပ်ထားသည်။
4G ကွန်ရက်ကို မြန်မာနိုင်ငံ ၌ အူရီးဒူးက စတင်ဝန်ဆောင်မှု ပေးအပ်ပြီး ဒုတိယမြောက်အနေ ဖြင့် တယ်လီနောက ဝန်ဆောင်မှု ပေးအပ်ခဲ့သည်။ တတိယမြောက် 4G ကွန်ရက်ကို ဝန်ဆောင်မှုပေး အပ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက် သည့် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ၌ 4G ကွန်ရက်ကို တည်ဆောက်ခဲ့သူဖြစ်သည်။

No comments:

Powered by Blogger.