"အပျိုကြီးများရဲ့ အလှတရား"

လူ့ဘ၀ရဲ့ သက်တမ်း၃၀နှစ်လောက်နီးရင် 
လူတွေက အိမ်ထောင်မကျသေးတဲ့ 
ယောက်ျားလေးဆို လူပျိုကြီး လူပျိုသိုး 
မိန်းကလေးဆိုအပျိုကြီးရယ်လို့တင်စားခေါ်ကြတယ်နော်။

တချို့မမတွေကိုဆို အပျိုကြီးလို့ စနောက်တတ်ပါတယ်။
သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ်
်၊အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို
 တစ်ယောက်တည်းဖြတ်ကျော်ရဲသည့် သတ္တိ၊တိုင်ပင်ဖော်မလိုပဲ 
ဘ၀ကို ရည်ရွယ်သည့်ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့်
 ဇွဲ၊မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ
 ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင်ရည်ရှိသော စွမ်းအား စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့်အရာများကို
 လုပ်ဆောင်နိုင်သော အာဂလူသားများသာဖြစ်ပါသည်။

အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ......

ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီး
အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ
 လက်ခံပေးရတယ်။ 

လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် 
လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ
 ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ 

ညနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ
 တော်ယုံလူတွေတောင်ကြောက်နေရချိန်မှာ အပျိုကြီးတွေကတော့
 မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ ဘုရားစာတာ ရွတ်ဆိုနေရတဲ့
 ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးလေ။😜😜

သူတို့ဟာ ရဲ၇င့်တဲ့သူတွေ ကိုယ့်ကိုကို ယုံကြည်ခြင်း
 သတ္တိရှိတဲ့သူတွေလဲ ဖြစ်တယ်။
အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ်မရှိသူတွေပေါ့။

နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာကြီးမားသူတွေလဲ ဖြစ်တယ် ......
သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ
 သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး
 အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမဲ့ တစ်ယောက်တည်းအပေါ်
 နားလည်ခွင့်လွတ်မှု့ အပြည့်နဲ့ အချစ်သစ်ကို မရှာပဲ 
သစ္စာရှင် ချစ်တတ်သူများဖြစ်ပါတယ်။

ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ 
အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ....
ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ့်ချစ်တတ်လို့ပါပဲ ...
သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမဲ့ တကယ့်ကို
 အကြင်နာတရားအပြည့်ထားပြီး ချစ်တတ်ကြပါတယ်......

ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့ ......
ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး 
သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ 
အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး
 စေတနာထားတတ်သူများဖြစ်ပါသည်။
        
အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး... 
သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး.... အလွန်းအကဲပြင်ဆင်မှုပများမရှိပေ။

အ၀တ်အစားက အစ လူမြင်မတင့်သော အ၀တ်အစားကို 
ရှောင်ကျ ဉ်ကြသည် ....
ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှု့ခံရသော 
အပျိုကြီးများသည် လူအများပြောစကားကို 
အစကတည်းက ကာကွယ်ထားခြင်းဖြစ်ပါသည်။

ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ
 ပါရမီထူးလို့ အပျိုကြီးဖြစ်ရတာပါ။
အိမ်ထောင်ကျသွားတဲ့သူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့မရတော့ပါဘူး။

အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် 
အိမ်ထောင်ပြုလို့ ရပါတယ်။
ရှားပါးပစ္စည်းဟာ တန်းဖိုး၇ှိပါတယ်။
ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။

အားငယ်စရာ မရှိတဲ့ဘ၀မို့ ရဲရဲကြီးရှေ့ဆက်ကြပါ။

အပျိုကြီးဘ၀ကို ပြောင်းလဲရန်မှာလဲ လွယ်ကူတဲ့ ဘ၀ပါ.....
 
အမှားအယွင်းရှိပါက နားလည်ပေးစေချင်ပါတယ်...

Copy
ဖီးနစ် 

                      
Credit:လွင်ပြင်လှိုင်းငယ်

No comments:

Powered by Blogger.