သင်မသိသေးသော Google ၏ လှပသော လှည့်စားမှူ့များ

သင်မသိသေးသော Google ၏ လှပသော လှည့်စားမှူ့များ

Google တွင် စာချစ်သူတို့ မသိသေးသော လှည့်စားမှူ့လေးတွေရှိပါတယ်။ ဒီလှည့်စားမှူ့လေးတွေကို Google အသုံးပြုသူများအတွက် အပျော်သက်သက် ဖန်တီးပေးထားတာပါ။ Google အသုံးပြုရင်း မပျင်းရအောင် ဖန်တီးပေးထားတာပါ။ Google မှ ဘယ်လို ပျော်စရာလေးတွေကို ဖန်တီးပေးထားသလဲဆိုတာကို လိုက်လုပ်ကြည့်ရင်း ပျော်စရာအစီအစဉ်လေးကို စတင်လိုက်ပါ။
.
Do a barrel roll
.
.
www.google.com သို့သွားရောက်ပြီး do a barrel roll ဟု ရိုက်ထည့်လိုက်ပါ။ Google မျက်နှာပြင်သည် တပတ်လည်သွားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
.
.
Atari Breakout
.
Atari Breakout ကို Google တွင် ရိုက်ထည့်ပြီး Image ကို နှိပ်လိုက်တာနှင့် Pin Ball Game ကို ကစားနိုင်မည် ဖြစ်သည်။
.
.
Title Page
.
Google Search တွင် Title ဟု ရိုက်ထည့်လိုက်တာနှင့် Websites များ၏ Titile များကို မြင်တွေ့ရမည် ဖြစ်သည်။
.
.
Recursion Trick
.
Recursion ကို ရိုက်လည့်လိုက်ပါက Google မှ Did you mean: recursion ဟု ထပ်မံမေးမည် ဖြစ်သည်။
.
.
Google Gravity
.
Google Search တွင် Google Gravity ဟု ရိုက်ထည့်ပြီး အပေါ်ဆုံး Link ကို နှီပ်လိုက်ပါက ထူးခြားချက်ကို အံ့သြစွာ တွေ့ရမည် ဖြစ်သည်။
.
.
Zerg Rush
.
Zerg Rush ရိုက်ထည့်လိုက်သောအခါ ရှာဖွေထားသော Search အဖြေများ ပျောက်ကွယ်သွားပြီး အခြားသော ပုံသဏ္ဍန်ကို မြင်တွေ့ရမည် ဖြစ်သည်။
.
.
Elgoog.im
.
elgoog.im ကို ရိုက်ထည့်လိုက်သည့်အခါ Google သည် ပြောင်းပြန်ဖြစ်သွားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
.
.
Google Sky
.
google sky ကို ရိုက်ထည့်လိုက်သည့်အခါ Google ၏ အာကာသ မျက်နှာပြင်ကို မြင်တွေ့ရမည် ဖြစ်သည်။
.
.
Google ၏ ပျော်စရာကောင်းသော လှည့်စားချက်များကို စမ်းသပ်ကြည့်ကြပြီး ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ….
.
.
.
မျှဝေခြင်းသည်......ပညာဒါနမည်၏  ။

No comments:

Powered by Blogger.