သြစေတြးလျတွင် အမျိုးသမီးအ၀တ်လဲခန်းများကို ဓာတ်ပုံခိုးရိုက်ခဲ့သည့် ဗြိတိန်နိုင်ငံသား တရားစွဲခံနေရ

သြစေတြးလျတွင် အမျိုးသမီးအ၀တ်လဲခန်းများကို ဓာတ်ပုံခိုးရိုက်ခဲ့သည့် ဗြိတိန်နိုင်ငံသား တရားစွဲခံနေရ
=================================================
ဘီဘီစီ
ဆစ်ဒနီ၊ ဒီဇင်ဘာ-၁၄

သြစတြေးလျနိုင်ငံမှာ အ၀တ်လဲခန်းမှာ အ၀တ်လဲနေတုန်း အမျိုးသမီး ၄၉ယောက်ကို ဓာတ်ပုံခိုးရိုက်မှုနဲ့ ဗြိတိန်နိုင်ငံသားတစ်ယောက်ကို တရားစွထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ၂၈နှစ်အရွယ် ဗြိတိန်နိုင်ငံသားကို စနေနေ့လယ်ခင်းက ကွင်းစလင်းရဲ့ ဆန်းရှိုင်းကမ်းရိုးတန်းပေါ်မှာရှိတဲ့ ရေကူးဝတ်စုံ စတိုင်းဆိုင်တစ်ခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲက ပြောကြားပါတယ်။

အဆိုပါအမျိုးသားရဲ့ ဖုန်းထဲမှာ အမျိုးသမီးတွေ အ၀တ်ချွတ်နေတဲ့ ဓာတ်ပုံ ဗွီဒီယို ၁၀၀ကျော်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံအတော်များများကို ကိုယ်ရေးကိုယ်တာ ဖေ့စ်ဘုတ်အကာင့်မှာ တင်ထားတယ်လို့လည်း ရဲက ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားကို အ၀တ်လဲခန်းအကန့်တွေရဲ့အပေါ်မှာ ဖုန်းကိုင်လျှက်သားနဲ့ အခြားဈေးဝယ်သူတစ်ဦးက တွေ့လိုက်တဲ့အခါမှာသတိထားမိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျကို အလုပ်ဗီဇာနဲ့ရောက်ရှိနေတဲ့ အဆိုပါ ဗြိတိန်နိုင်ငံသားကို တစ်ကိုယ်ရေလွတ်လပ်ခွင့်ချိုးဖောက်မှု ၅၄မှုနဲ့ တရားစွဲထားပြီး တနင်္လာနေ့မှာ ရုံးတော်မှာ အမှုရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံထဲက အမျိုးသမီး ၄၅ယောက်ကို ဖော်ထုတ်သိရှိထားပြီလို့လည်း ကွင်းစလင်းရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့ပါတယ်။
နူးဆာ ဆစ်ဗစ်နဲ့ ဆန်းရှိုင်းပလာဇာမှာ နိုဝင်ဘာ၁၈ရက်နေ့နဲ့ ဒီဇင်ဘာ ၁၀ရက်အတွင်း အ၀တ်လဲခန်းအသုံးပြုခဲ့တဲ့အမျိုးသမီးများ တရားလိုအနေနဲ့ ထွက်ပေါ်လာဖို့ကိုလည်း ရဲက တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

NZT

No comments:

Powered by Blogger.