ချစ်သူရဲ့ သစ္စာရှိမှုကို အပြာမင်းသမီးလွှတ်ပြီး စမ်းသပ်တဲ့ အမျိုးသမီး နောင်တရခဲ့ရ

သူမရဲ့စမ်းသပ်မှုဟာ အလွမ်းနဲ့ ဇာတ်သိမ်းသွားပါတယ်။


ချစ်သူရဲ့ သစ္စာရှိမှုကို တိတိကျကျသိချင်တဲ့ မိန်းကလေးတစ်ဦးဟာ အပြာကားသရုပ်ဆောင် အမျိုးသမီးတစ်ဦးကို ငှားရမ်းပြီး စမ်းသပ်ခဲ့ပေမဲ့ နောင်တရစရာ ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။
အပြာမင်းသမီးကို သူမရဲ့ ချစ်သူနဲ့ လမ်းမှာ မထင်မှတ်ဘဲတွေ့ဆုံဟန် ဖြစ်အောင်ဖန်တီးခဲ့တာဖြစ်ပြီး မိန်းကလေးဘက်က စတင်ရင်းနှီးဖို့ ကြိုးစားစေခဲ့တာပါ။ အစပိုင်းမှာ သူမရဲ့ချစ်သူက အပြာမင်းသမီးနှုတ်ဆက်တာကို မသိချင်ယောင်ဆောင်ခဲ့ပေမဲ့ ဒုတိယတစ်ခေါက်မှာတော့ ပြန်နှုတ်ဆက်ပြီး လိုအပ်တဲ့ အကူအညီကို ပေးခဲ့တာဖြစ်ပါတယ်။
အပြာမင်းသမီးက ရှင့်မှာ ရည်းစားရှိလားလို့ မေးတဲ့အခါ အဆိုပါအမျိုးသားက ရှိကြောင်းပြန်လည်ဖြေကြားခဲ့တာပါ။  သူတို့နှစ်ဦးဟာ အဲဒီအခိုက်အတန့်မှာ ရင်းနှီးသွားခဲ့တဲ့အပြင် အပြာမင်းသမီးက ဖုန်းနံပါတ်တောင်းတာကိုပါ ပေးမိလိုက်ပါတယ်။

ဒီမြင်ကွင်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို တစ်နေရာကနေ ကြည့်ရှုနေခဲ့တဲ့ အမျိုးသမီးဟာ နောက်ဆုံးမှာ သူ့ရဲ့ချစ်သူကိုတော့ ဒီလောက်နဲ့ လက်မလွှတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ဖုန်းနံပါတ် ပေးလိုက်တာကိုတော့ မကျေနပ်ဘူးလို့ဆိုပါတယ်။ ခဏကြာတဲ့အခါ သူ့ရဲ့ချစ်သူ အမျိုးသားကို ဖုန်းဆက်ပြီး ဒီအမျိုးသမီးဟာ သူမငှားရမ်းခဲ့တာဖြစ်ကြောင်းပြောတဲ့အခါမှာတော့ မမျှော်လင့်ထားတာ ဖြစ်လာခဲ့ပါတယ်။
အဖြစ်မှန်ကို သိသွားတဲ့အမျိုးသားဟာ သူ့ရဲ့ချစ်သူကို စိတ်ဆိုးပြီး သမီးရည်းစားဇာတ်လမ်းကို ပြတ်စဲပြီဖြစ်ကြောင်း ဖုန်းထဲကနေပဲ ပြောကြားလိုက်တာပါ။ သစ္စာရှိမှုကို စမ်းသပ်ရာက နောင်တရစရာ ဖြစ်လာခဲ့ပါတယ်။
Source : Mirror
Credit > Duwun

No comments:

Powered by Blogger.