ျပည္ပမွ ေငြလုံးေငြရင္းျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈ ပုိမုိ၀င္ေရာက္လာရန္ ျပည္တြင္းဘဏ္မ်ား၏လုပ္ငန္းဆုိင္ရာ ယခုထက္ပုိလြယ္ကူရန္လုိဟု MIC ဆုိ

【  ျပည္တြင္း  】 ျပည္ပမွ ေငြလုံးေငြရင္းျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈ ပုိမုိ၀င္ေရာက္လာရန္ ျပည္တြင္းဘဏ္မ်ား၏လုပ္ငန္းဆုိင္ရာ ယခုထက္ပုိလြယ္ကူရန္လုိဟု MIC ဆုိ

====================================================
 ျမန္မာႏိုင္ငံရဲ႕ရင္းႏွီးျမွဳပ္ႏွံမူက႑သို႔ ျပည္ပရင္းႏွီးျမွဳပ္ႏွံသူမ်ားက ႏိုင္ငံျခားေငြအလံုးအရင္း (Investment in Cash)ျဖင့္ပိုမို၀င္ေရာက္ လာေစရန္ ျပည္တြင္း ဘဏ္မ်ားရဲ႕လုပ္ငန္းပိုင္းဆိုင္ရာမ်ားကို ယခုထက္ ပိုမိုလြယ္ကူျမန္ဆန္ေအာင္ေဆာင္ရြက္ရမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမူ႔ေကာ္မွရွင္မွ သိရပါတယ္။

  “အဓိက in Cash နည္းျပီး in Kind မ်ားေနတာက ဘဏ္ေတြမွာဆန္ရွင္ျပသနာေႀကာင့္ရွိတယ္။ ဘဏ္ေတြကလည္း facilityကသိပ္ေကာင္းေကာင္းမြန္မြန္မလုပ္ေပးႏိုင္ေသးဘူး။

တခ်ိဳ႕ကန္႔သက္ခ်က္ ေလးေတြရွိေနေတာ့ ဒါေႀကာင့္လဲျဖစ္တာရွိပါတယ္။ ဆန္ရွင္လဲ ေလ်ာ့သြားျပီေပါ့ဘဏ္ေတြကလဲ ဒီထက္ပိုေကာင္းတဲ့ facility ေတြမႀကာခင္မွာျဖစ္လာမွာေပါ့ ျဖစ္လာမယ္ဆိုရင္ invester ေတြအေနနဲ႔ ေငြပိုျပီး၀င္လာမယ္ေပါ့။ သို႔ေသာ္ invester ေတြကို ပစၥည္းသြင္းခြင့္မျပဳဘူး ေငြပဲသြင္းဆိုတာ ကိုေတာ့လုပ္လို႔မရဘူး” လို႔ ရင္းႏွီးျမွဳပ္ႏွံမူႏွင့္ကုမၼဏီမ်ားညႊန္ႀကားမူ႔ဦးစီးဌာန ညႊန္ႀကားေရးမွဴးခ်ဳပ္ ဦးေအာင္ႏိုင္ဦးကေျပာပါတယ္။

 ယခင္ကအေမရိကန္ဆန္ရွင္အေရးယူထားတဲ့အတြက္ ျမန္မာႏိုင္ငံကေန ျပည္ႏိုင္ငံမ်ားသို႔ေငြလႊဲေျပာင္းရာတြင္အခက္အခဲပါတယ္။ထို႔ေႀကာင့္ ျပည္ပကရင္းႏွီးျမွဳပ္ႏွံသူမ်ား  အေနနဲ႔ ျမန္မာႏိုင္ငံသို႔မလာခင္ လိုအပ္တဲ့ကုန္ႀကမ္း၊ စက္ပစၥည္းမ်ားကို ျပည္ပကေနတခါထဲ၀ယ္ယူကတင္သြင္းျခင္းကိုသာေဆာင္ရြက္လွ်က္ရွိ ပါတယ္။
  “ျပီးခဲ့တဲ့က႑ႏွစ္ေတြကိုျပန္ႀကည့္လိုက္လို႔ရွိရင္ ျမန္မာႏိုင္ငံကိုေငြယူလာတာနည္းတယ္ ပစၥည္းယူ လာတာကအဓိကမ်ားတယ္ ဘာေႀကာင့္ျဖစ္တာလဲ ဆိုေတာ့ ျမန္မာႏိုင္ငံက ဆန္ရွင္ေအာက္ထဲမွာ ပဲရွိေသးလို႔ ျမန္မာႏိုင္ငံ ကိုေငြေတြယူလာ ယူလာျပီးေတာ့မွ ပစၥည္းေတြျပန္၀ယ္ဖို႔ေငြျပန္လြဲရင္ အခက္အခဲေတြအမ်ားႀကီး ေပၚတယ္ လုပ္ငန္းရွင္ေတြက သူတို႔၀ယ္စရာရွိတဲ့ပစၥည္းေတြကို တစ္ခါထဲႏိုင္ငံျခား မွာအျပီး၀ယ္ လာတယ္။ ျပည္တြင္းမွာလုပ္တဲ့စက္ရံုဌားဖို႔ အလုပ္သမားေတြခန္႔ထားဖို႔လို တဲ့ေငြေလာက္ပဲ တိုင္းျပည္ထဲကိုယူလာတယ္” လို႔ ဦးေအာင္ႏိုင္ဦး ကေျပာပါတယ္။

 ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမူ႔ဥပေဒအေဟာင္းနဲ႔ ယခုျပန္လည္ျပင္ဆင္ေရးဆြဲ ထား တဲ့ ရင္းႏွီးျမွဳပ္ႏွံမ႔ူ ဆိုင္ရာဥပေဒအသစ္ႏွစ္ခုလံုးတြင္ ရင္းႏွီးျမွဳပ္ႏွံမူ႔ေဆာင္ရြက္တဲ့အခါ ေငြသား ရင္းႏွီး ျမွဳပ္ႏွံမူ (Investment in Cash)၊ ရင္းႏွီးျမွဳပ္ႏွံရန္တင္သြင္းလာတဲ့ စက္ပစၥည္းယႏၱရား (Investment in Kind) နဲ႔ အသိဥာဏ္ဆိုင္ရာ ပစၥည္း (Intellectual Property) တို႔သည္ ရင္းႏွီးျမွဳပ္ႏွံမူ႔အျဖင့္အက်ံဳး၀င္တယ္လို႔ ေဖာ္ျပထားပါတယ္။

 ျမန္မာႏိုင္ငံကိုအဓိကလာေရာက္ရင္းႏွီးျမွဳပ္ႏွံတာက ေငြသားရင္းႏွီးျမွဳပ္ႏွံမူ (Investment in Cash)၊နဲ႔ ရင္းႏွီးျမွဳပ္ႏွံရန္တင္သြင္းလာတဲ့ စက္ပစၥည္းယႏၱရား (Investment in Kind) တုိ႔ျဖစ္ပါတယ္။ ဒီႏွစ္ခုရဲ႕ ၀င္ ေရာက္ တဲ့ပမာဏအခ်ိဳးအားျဖင့္ Investment in Kind က ၆၀ အခ်ိဳးခန္႔နဲ႔ Investment in Cash က ၄၀ အခ်ိဳးခန္႔ ရွိတယ္လို႔ ဦးေအာင္ႏိုင္ဦးကေျပာပါတယ္။

ေဇယ်ာၿငိမ္း  

( unicode )

【  ပြည်တွင်း  】 ပြည်ပမှ ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြုပ်နှံမှု ပိုမိုဝင်ရောက်လာရန် ပြည်တွင်းဘဏ်များ၏လုပ်ငန်းဆိုင်ရာ ယခုထက်ပိုလွယ်ကူရန်လိုဟု MIC ဆို
====================================================
 မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမူကဏ္ဍသို့ ပြည်ပရင်းနှီးမြှုပ်နှံသူများက နိုင်ငံခြားငွေအလုံးအရင်း (Investment in Cash)ဖြင့်ပိုမိုဝင်ရောက် လာစေရန် ပြည်တွင်း ဘဏ်များရဲ့လုပ်ငန်းပိုင်းဆိုင်ရာများကို ယခုထက် ပိုမိုလွယ်ကူမြန်ဆန်အောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမူ့ကော်မှရှင်မှ သိရပါတယ်။

  “အဓိက in Cash နည်းပြီး in Kind များနေတာက ဘဏ်တွေမှာဆန်ရှင်ပြသနာကြောင့်ရှိတယ်။ ဘဏ်တွေကလည်း facilityကသိပ်ကောင်းကောင်းမွန်မွန်မလုပ်ပေးနိုင်သေးဘူး။

တချို့ကန့်သက်ချက် လေးတွေရှိနေတော့ ဒါကြောင့်လဲဖြစ်တာရှိပါတယ်။ ဆန်ရှင်လဲ လျော့သွားပြီပေါ့ဘဏ်တွေကလဲ ဒီထက်ပိုကောင်းတဲ့ facility တွေမကြာခင်မှာဖြစ်လာမှာပေါ့ ဖြစ်လာမယ်ဆိုရင် invester တွေအနေနဲ့ ငွေပိုပြီးဝင်လာမယ်ပေါ့။ သို့သော် invester တွေကို ပစ္စည်းသွင်းခွင့်မပြုဘူး ငွေပဲသွင်းဆိုတာ ကိုတော့လုပ်လို့မရဘူး” လို့ ရင်းနှီးမြှုပ်နှံမူနှင့်ကုမ္မဏီများညွှန်ကြားမူ့ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောပါတယ်။

 ယခင်ကအမေရိကန်ဆန်ရှင်အရေးယူထားတဲ့အတွက် မြန်မာနိုင်ငံကနေ ပြည်နိုင်ငံများသို့ငွေလွှဲပြောင်းရာတွင်အခက်အခဲပါတယ်။ထို့ကြောင့် ပြည်ပကရင်းနှီးမြှုပ်နှံသူများ  အနေနဲ့ မြန်မာနိုင်ငံသို့မလာခင် လိုအပ်တဲ့ကုန်ကြမ်း၊ စက်ပစ္စည်းများကို ပြည်ပကနေတခါထဲဝယ်ယူကတင်သွင်းခြင်းကိုသာဆောင်ရွက်လျှက်ရှိ ပါတယ်။
  “ပြီးခဲ့တဲ့ကဏ္ဍနှစ်တွေကိုပြန်ကြည့်လိုက်လို့ရှိရင် မြန်မာနိုင်ငံကိုငွေယူလာတာနည်းတယ် ပစ္စည်းယူ လာတာကအဓိကများတယ် ဘာကြောင့်ဖြစ်တာလဲ ဆိုတော့ မြန်မာနိုင်ငံက ဆန်ရှင်အောက်ထဲမှာ ပဲရှိသေးလို့ မြန်မာနိုင်ငံ ကိုငွေတွေယူလာ ယူလာပြီးတော့မှ ပစ္စည်းတွေပြန်ဝယ်ဖို့ငွေပြန်လွဲရင် အခက်အခဲတွေအများကြီး ပေါ်တယ် လုပ်ငန်းရှင်တွေက သူတို့ဝယ်စရာရှိတဲ့ပစ္စည်းတွေကို တစ်ခါထဲနိုင်ငံခြား မှာအပြီးဝယ် လာတယ်။ ပြည်တွင်းမှာလုပ်တဲ့စက်ရုံဌားဖို့ အလုပ်သမားတွေခန့်ထားဖို့လို တဲ့ငွေလောက်ပဲ တိုင်းပြည်ထဲကိုယူလာတယ်” လို့ ဦးအောင်နိုင်ဦး ကပြောပါတယ်။

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမူ့ဥပဒေအဟောင်းနဲ့ ယခုပြန်လည်ပြင်ဆင်ရေးဆွဲ ထား တဲ့ ရင်းနှီးမြှုပ်နှံမူ့ ဆိုင်ရာဥပဒေအသစ်နှစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမူ့ဆောင်ရွက်တဲ့အခါ ငွေသား ရင်းနှီး မြှုပ်နှံမူ (Investment in Cash)၊ ရင်းနှီးမြှုပ်နှံရန်တင်သွင်းလာတဲ့ စက်ပစ္စည်းယန္တရား (Investment in Kind) နဲ့ အသိဉာဏ်ဆိုင်ရာ ပစ္စည်း (Intellectual Property) တို့သည် ရင်းနှီးမြှုပ်နှံမူ့အဖြင့်အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။

 မြန်မာနိုင်ငံကိုအဓိကလာရောက်ရင်းနှီးမြှုပ်နှံတာက ငွေသားရင်းနှီးမြှုပ်နှံမူ (Investment in Cash)၊နဲ့ ရင်းနှီးမြှုပ်နှံရန်တင်သွင်းလာတဲ့ စက်ပစ္စည်းယန္တရား (Investment in Kind) တို့ဖြစ်ပါတယ်။ ဒီနှစ်ခုရဲ့ ဝင် ရောက် တဲ့ပမာဏအချိုးအားဖြင့် Investment in Kind က ၆၀ အချိုးခန့်နဲ့ Investment in Cash က ၄၀ အချိုးခန့် ရှိတယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။

ဇေယျာငြိမ်း

No comments:

Powered by Blogger.