ဒေါ်နယ်ထရန့်ကိုလုပ်ကြံရန်ကြံစည်သူကိုထောင်ဒဏ်ချမှတ်

ဒေါ်နယ်ထရန့်ကိုလုပ်ကြံရန်ကြံစည်သူကိုထောင်ဒဏ်ချမှတ်


==================================================
ဘီဘီစီ
ဒီဇင်ဘာ ၁၄

ဗြိတိန်နိုင်ငံသားတစ်ဦးက ဒေါ်နယ်ထရန့်ကိုပစ်ခတ်ဖို့အတွက် သေနတ်ကိုဆွဲယူရန်ကြိုးပမ်းခဲ့ခြင်းအပေါ် ထောင်ဒဏ် ၁၂ လနှင့် တစ်ရက်တိတိ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

အသက်၂၀အရွယ်မိုက်ကယ်ဆန်းဖို့ဒ်ဟာလက်နက်တရားမ၀င်ကိုင်ဆောင်မှုနှင့် ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့်အပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
သူ့ကိုလတ်စ်ဗီးဂတ်စ် စုဝေးပွဲ မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့သေနတ်ကိုဆွဲယူခဲ့ပြီး သမ္မတလောင်းကို ပစ်ခတ်ဖို့ကြိုးပမ်းမှုနဲ့ စွပ်စွဲခံရတာဖြစ်ပါတယ်။

ဒါပေမယ့် သူဟာသေနတ်ကိုရအောင်မလုနိုင်ခဲ့ဖူးလို့လည်းသိရပါတယ်။
သူ့မိခင်ဖြစ်သူကတော့တရားခံဟာသူကျူးလွန်ခဲ့တဲ့အပြစ်အပေါ်တော်တော်လေးနောင်တရနေပြီဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

တရားရုံး အစီရင်ခံစာအရ သူဟာ အမေရိကန်မှာ ဗီဇာသက်တမ်းလွန်နေထိုင် သူ ဗြိတိန်တစ်ဦးဖြစ်ပြီး ဒေါ်နယ်ထရန့်ကိုလုပ်ကြံဖို့ ကာလီဖိုးနီးယားမှ နီဗားဒါးကိုကားဖြင့်လာခဲ့ကြောင်းဖော်ပြထားပါတယ်။

သူဟာစုဝေးပွဲမလုပ်ခင်တစ်ရက်အလိုမှာတစ်ကြိမ်ရောက်ရှိလာပြီး သေနတ်တစ်ကမ်းအကွာမှနေ၍ ပစ်ခတ်ရန်လေ့လာခဲ့ကြောင်း ၊ အဆိုပါလုပ်ကြံမှုအတွက်တစ်နှစ်ကျော်ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းရေးသားဖော်ပြထားပါတယ်။သူကအရာရှိများကို၎င်းအနေဖြင့်သေဖို့မျှော်လင့်ထားကြောင်း ၊လုပ်ကြံရန်အခွင့်မသာက နောက်တစ်ကြိမ်ထပ်မံကြံစည်ရန် အာရီဇိုးနားစုဝေးပွဲလက်မှတ်ကိုရယူထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

တကယ်လို့သာစွပ်စွဲထားတဲ့တစ်နှစ်ကျော်ကြာ ကြိုတင်ကြံစည်မှုအရဆိုရင် သူ့ကိုထောင် ၁၀ နှစ်အထိချမှတ်နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်းသူ့မှာနိုင်ငံရေးမှာပါဝင်ခဲ့တဲ့သမိုင်းနောက်ခံမရှိတဲ့အပြင်ဘာကြောင့်ဒေါ်နယ်ထရန့်ကိုသတ်လိုကြောင်းကိုလည်းရေရေရာရာပြောကြားနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

ဒါပေမယ့်တရားသူကြီးကတော့အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကို“ရူးကြောင်ကြောင်နိုင်လှတဲ့စတန့်ထွင်ခြင်း”အဖြစ်သတ်မှတ်ခဲ့ပါတယ်။

တရားရုံးကသူ့ကိုလေးလအကြာမှာထောင်ကလွှတ်လို့ ဗြိတိန်သို့နယ်နှင်ဒဏ်ပေးဖို့ဖြစ်နိုင်ကြောင်းလည်းကြားနာစစ်ဆေးခဲ့ပါတယ်။

တရားခံရဲ့ခုခံချေပရေးအသင်းက သူတို့ရဲ့တရားခံဟာ ဥာဏ်ရည်မပြည့်မီသူ တစ်ဦးဖြစ်ပြီး ၊ နာမကျန်းဖြစ်မှုအပါအ၀င် စိတ်ကြွဒေါသဖြစ်လွယ်တဲ့ စိတ်ရောဂါကိုခံစားနေရကြောင်းလည်းဆိုခဲ့ပါတယ်။ ။

Thomas

No comments:

Powered by Blogger.