ကမ္ဘာလှည့်ခရီးသွား အပျော်စီးသင်္ဘောကြီး ရန်ကုန် သီလဝါဆိပ်ကမ်းသို့ရောက်ရှိ

ကမ္ဘာလှည့်ခရီးသွား အပျော်စီးသင်္ဘောကြီး ရန်ကုန် သီလဝါဆိပ်ကမ်းသို့ရောက်ရှိ
====================================================
ရန်ကုန်  ဒီဇင်ဘာ  ၁၄

ကမ္ဘာလှည့်ခရီးသွား အပျော်စီးသင်္ဘောကြီး MV Silver Shadow သည် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း က ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT) သို့ ရောက်ရှိလာရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။

အဆိုပါ သင်္ဘောကြီးတွင် ကမ္ဘာလှည့်ခရီးသည် ၁၂၉ ဦးနှင့် သင်္ဘောဝန်ထမ်း ၂၈၇ ဦး တို့ လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ  ထွက်ခွာလာခြင်းဖြစ် သည်။

“အခုရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို လုံခြုံရေးပိုင်းအပြင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာပါ၊ ဒီနေ့တော့ သူတို့အနေနဲ့ ရန်ကုန်မြို့ပေါ်နဲ့ သန်လျင်ဈေးထဲကို လည်မယ်၊ မနက်ဖြန်မှာတော့ ပဲခူးကိုသွားမယ်လို့ သိရပါတယ်” ဟု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ စု(ရန်ကုန်)မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသွား အပျော်စီးသင်္ဘောကြီး MV Silver Shadow  ဖြင့် ရောက်ရှိလာသည့် ကမ္ဘာလှည့် ခရီးသည်များသည် မြန်မာနိုင်ငံသို့ရောက် ရှိနေစဉ် အတွင်း ရန်ကုန်၊ ပဲခူး၊ ပုဂံ၊ မ္တလေးမြို့များသို့ သွားရောက်လည်ပတ် မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာသီလဝါဆိပ် ကမ်းမှ မလေးရှားနိုင်ငံ လန်ကဝီကျွန်းသို့ ပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်းသိရသည်။

Credit:MOI

No comments:

Powered by Blogger.