CDMA ငွေဖြည့်ကတ်အစား GSM ငွေဖြည့်ကတ်နဲ့ အစားထိုး အသုံးပြုနိုင်ပြီလို့ MPT ကြေညာ

CDMA ငွေဖြည့်ကတ်အစား GSM ငွေဖြည့်ကတ်နဲ့ အစားထိုး အသုံးပြုနိုင်ပြီလို့ MPT ကြေညာ

CDMA ဖုန်းအသုံးပြုသူတွေအနေနဲ့ CDMA ငွေဖြည့်ကတ် တွေအစား GSM ငွေဖြည့်ကတ်တွေနဲ့ပါ ငွေဖြည့်မှု လုပ်ဆောင်နိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က ထုတ်ပြန်ကြေညာပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုကို အောင်မြင်စွာ ပြုလုပ်ပြီးဖြစ်တဲ့ အတွက် အခုလို အသုံးပြုနိုင်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MPT အနေနဲ့ နောက်ပိုင်းမှာ CDMA ငွေဖြည့်ကတ်တွေ သီးခြား ထပ်မံထုတ်လုပ်တော့မှာမဟုတ်ပဲ GSM ငွေ ဖြည့်ကတ်နဲ့သာ အားလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလော ဈေးကွက် အတွင်းရှိနေပြီး ဖြစ်တဲ့ CDMA ငွေဖြည့်ကတ်တွေ ကိုတော့ ပုံမှန်အတိုင်း ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) အနေနဲ့ ၀၉၇၃ နဲ့ စတဲ့ နံပါတ်တွေကို CDMA 800 MHZ အဖြစ် လည်းကောင်း ၊ ၀၉၄၉ နဲ့ စတဲ့ နံပါတ်တွေကို CDMA 450 MHZ အနေနဲ့လည်းကောင်း ရောင်းချပေးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Elite Tech (5 Plus News)

No comments:

Powered by Blogger.