အကြွေးတွေဆပ်ဖို့ တင်ပါးကို လေလံတင်နေသူ

အကြွေးကင်းဖို့ ဖြေရှင်းနည်းတစ်မျိုးပါပဲ။


လေလံအောင်တဲ့သူအနေနဲ့ သူမရဲ့တင်ပါးပေါ်မှာ ကြိုက်တဲ့တက်တူးထိုးခွင့်ပေးမယ်လို့ အသက် ၂၀ အရွယ် မိန်းကလေးက ဆိုပါတယ်။
နယူးဇီလန်မှာနေထိုင်တဲ့ ဘီလီပရိုက်စ်ဟာ သူမရဲ့တင်ပါးပေါ်မှာ ၉ စင်တီမီတာ ပတ်လည်ပုံတစ်ပုံ တက်တူးထိုးဖို့နေရာတစ်ခု ရောင်းချနေတာ ဖြစ်ပါတယ်။

သူမဒီလိုလုပ်တာဟာ အကြွေးနွံထဲက ထွက်နိုင်ဖို့လို့ ဘီလီက ပွင့်လင်းစွာ ဆိုပါတယ်။
"ကျွန်မက ခပ်ဆိုးဆိုးရယ်။ ဒါကြောင့် ကျွန်မအကြောင်း သိတဲ့သူတွေကတော့ ဒါကို အံ့သြမှာ မဟုတ်ပါဘူး" လို့ သူမက ဆိုပါတယ်။
"တက်တူးဆိုတာ ထိုးပြီးရင် ပြန်ဖျက်မရတဲ့အတွက် ဒါဟာ တစ်သက်တာ ကြော်ငြာခြင်းလို့ဆိုနိုင်ပါတယ်။ ကျွန်မက တင်ပါးကို ဖော်ပြတတ်တဲ့သူအဖြစ် နာမည်ကြီးသူလည်း ဖြစ်တယ်လေ" လို့ သူမက ရယ်မောပြီး ပြောပြခဲ့ပါတယ်။
လက်ခံလိုက်တဲ့ လေလံရဲ့ ၁၀ ရာခိုင်နှုန်းကို လေလံအောင်သူအနေနဲ့ ကြိုက်တဲ့ပရဟိတအဖွဲ့ကို လှူဖို့လည်း သတ်မှတ်ထားပါတယ်။

သူမရဲ့လေလံကို နယူးဇီလန်မှာ စိတ်ဝင်တစားနဲ့ ဝင်ရောက်လေလံဆွဲသူ အများအပြားရှိနေပြီး နယူးဇီလန်ဒေါ်လာ ၂,၅၅၀ (အမေရိကန်ဒေါ်လာ ၁၈၀၀ ကျော်) အထိ ပေးနေသူ ရှိနေပါပြီ။
Source & Photos : Mirror


No comments:

Powered by Blogger.