စကတ်တိုပိတ်ပင်မှုကို ဆန့်ကျင်ကန့်ကွက်လာကြသောကြောင့် အစ္စရေးပါလီမန်က ၀တ်စုံစည်းမျဉ်းကို ဖယ်ရှားပေး
========================================================================================================

ဘီဘီစီ
တဲလ်အဗစ်၊ ဒီဇင်ဘာ-၁၆

တိုလွန်းတယ်လို့ယူဆတဲ့ စကတ်များကို ပိတ်ပင်မှုအပေါ် ၀န်ထမ်းတွေက ဆန့်ကျင်ကန့်ကွက်ကြတဲ့အတွက် အစ္စရေးပါလီမန်က ၄င်းရဲက ၀တ်စုံစည်းမျဉ်းကို ဆိုင်းငံ့ထားလိုက်ပါတယ်။ နက်ဆက် (Knesset)လွှတ်တော် လုံခြုံရေးဌာနကမကြာသေးမီကစကတ်အတိုအရှည်ပမာဏကိုတင်းတင်းကျပ်ကျပ် ပြဌာန်းလိုက်တဲ့အတွက်လုပ်ဖော်ကိုင်ဖက်တွေအဆောက်အဦးထဲမ၀င်နိုင်အောင် တားမြစ်လိုက်သလိုဖြစ်တယ်လို့ ဆိုပါတယ်။

မဖွယ်မရာ ၀တ်ဆင်မှုတွေအပေါ် မကျေမနပ်ပြောဆိုလာကြရာက ယခုလို အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ ယူလီ အဒဲစတိန်းက  ပြောပါတယ်တ။ ပူးတွဲအဖွဲ့တစ်ဖွဲ့က စည်းမျဉ်းတွေကို စစ်ဆေးပြီး ဘယ်လို အကောင်ထည်ဖော်နိုင်မလဲဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပါလီမန်မှာ  အကြိတ်အနယ် အစည်းအဝေးထိုင်ပြီးမှ ၀တ်စုံစည်းမျဉ်းကို ဆိုင်းငံ့လိုက်တာဖြစ်တယ်လို့အစ္စရေးသတင်းစာဟားရတ်ဇ်မှာ ဖော်ပြထားပါတယ်။ စည်းမျဉ်းတွေကို စစ်ဆေးမယ့်အဖွဲ့ကို အမျိုးသားအမျိုးသမီး  လွှတ်တော်အမတ်များ၊ လက်ထောက်များနဲ့ ဖွဲ့စည်းထားတယ်လို့  ဆိုပါတယ်။
အောက်တိုဘာလကပါလီမန်အုပ်ချုပ်မှုဒါရိုက်တာက၀တ်စုံစည်းမျဉ်းနဲ့ပတ်သက်တဲ့ သတိပေးစာတွေကို အမတ်တိုင်းဆီ ပေးပို့ခဲ့ပါတယ်။

ဝတ်စုံစည်းမျဉ်းက တီရှပ်တွေ၊ ဘောင်းဘီတိုတွေ၊ ကြိုးသိုင်းဖိနပ်တွေနဲ့ တိုတောင်းတဲ့ဝတ်စုံ(ဒါမှမဟုတ်)စကတ်တွေကိုတားမြစ်ပိတ်ပင်ထားပေမယ့်လည်းအတိုအရှည်ဘယ်ရွေ့ဘယ်မျှဆိုတာ ဖော်ပြမထားလို့ကိုယ်လိုရာကိုယ်ဆွဲပြီး  အဓိပ္ပာယ်ဖွင့်ရမလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲမှာတော့ အမျိုးသမီးတွေက ပိတ်ပင်မှုကို ဖီဆန်တဲ့အနေနဲ့ ဒူးအထက်စကတ်တိုများကိုသာ ၀တ်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမျိုးသားအစောင့်တွေက စကတ်အရှည်ကို မြင်နိုင်အောင်လို့ အမျိုးသမီးတွေကို ကုတ်အင်္ကျီကြယ်သီးတွေ  ဖြုတ်ခိုင်းပြီး အရှက်ခွဲခဲ့တယ်လို့လည်း တချို့က ပြောကြပါတယ်။ လွှတ်တော်အမတ် မင်နုအယ် တရာတင်ဘာ့က သူ့ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး မကြာခင် မိန်းမတွေဟာ မွတ်စလင် ဘာခါ့စ်လို တစ်ကိုယ်လုံးလုံအောင် ၀တ်ရတော့မယ်လို့ မကျေမနပ်ပြောပါတယ်။

လွှတ်တော်ဥက္ကဌ အဒဲစတိန်းကတော့ လွှတ်တော်ထဲမှာလည်း ဓလေ့ထုံးတမ်းလိုအပ်ကြောင်း ခုခံပြောကြားပါတယ်။ စည်းမျဉ်းက နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာဖြစ်ပြီး မကျေမနပ်ပြောဆိုလာကြအပြီးမှာမကြာသေးမီရက်များမှာမှ ပြဌာန်းလိုက်တာဖြစ်တယ်လို့လည်း ၄င်းက ပြောပါတယ်။ နက်ဆက်ဟာ အီရန်-တာလီဘန်ပုံစံသွားနေတာမဟုတ်ဘူးလို့လည်း အဒဲစတိန်းက နိုင်ငံပိုင်ရေဒီယိုမှာ ပြောကြားခဲ့ပါတယ်။

NZT

No comments:

Powered by Blogger.