ကမ္ဘာ့သဘောထားအကြီးဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံ (၃) နှစ်ဆက်တိုက် ရပ်တည်

World Giving Index ရဲ့စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ သဘောထားအကြီးဆုံး နိုင်ငံအဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ တစိမ်းတွေအပေါ်အကူအညီပေးမှု၊ အလှူအတန်းရက် ရောမှု နဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်မှုတွေကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရမှတ်အားလုံးရဲ့ (၇၀%) အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံဟာ (၂၀၁၄)ခုနှစ် မှာ ကောက်ယူခဲ့တဲ့စစ်တမ်းအရ အမေရိကန်နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့သဘောထား အကြီးဆုံးနိုင်ငံနေရာမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းအဖွဲ့က မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်းအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ် တာကြောင့် အခုလို ရပ်တည်နိုင်တာဖြစ်တယ်လို့ သုံးသပ် ထားပါတယ်။ 

 ကမ္ဘာ့သဘောထားအကြီးဆုံးနိုင်ငံများရဲ့ ဒုတိယနေရာမှာတော့ အမေရိကန်နိုင်ငံက ရမှတ်(၆၁%)နဲ့ ရပ်တည်နေပြီး ထိပ်ဆုံး(၁၀)နိုင်ငံစာရင်းမှာ သြစတြေးလျ၊ နယူးဇီလန်၊ သီရိလင်္ကာ ၊ ကနေဒါ ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ အိုက်စလန်နဲ့ ယူအေအီးနိုင်ငံတို့ အစဉ်လိုက်ရပ်တည်နေတယ်လို့ The Blaze သတင်းမှာဖော်ပြထားခဲ့ပါတယ်။ 

ဓာတ်ပုံ - asiancorrespondent 
 5 Plus News

No comments:

Powered by Blogger.