သဘောကျတယ်ဗျာ ဖက်လို့ကောင်းတယ်😃😃😃

မိန်းမဆိုတာ . . .
၁၈ နဲ့ ၂၂ ကြားမှာ အာဖရိကလိုပဲ။ ကြမ်းတမ်းမှုတစ်ဝက်၊ ဆန်းပြားမှုတစ်ဝက်။ အရိုင်းဆန်တယ်။ သဘာဝအလှတွေလည်း ရှိတယ်။

၂၃ နဲ့ ၃၀ ကြားက ဥရောပနဲ့တူတယ်။ အသိအမြင်ထွန်းကားပြီ။ ပွင့်လင်းပြီ။ တကယ့်တန်ဖိုးစစ်ကို ပိုင်ဆိုင်ကြပြီ။ သိပ်တော့မလတ်ဆတ်တော့ဘူး။ လေကောင်းလေသန့် နည်းလာတယ်။

၃၁ နဲ့ ၃၅ ကြားက စပိန်နဲ့တူတယ်။ အရမ်းပူတယ်။ အပန်းဖြေလို့ကောင်းတယ်။ ကိုယ်ပိုင်အလှရှိတယ်။

၃၆ နဲ့ ၄၀ ကြားက ဂရိ။ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်တမ်းတနေရပြီ။ လက်ရှိဘဝ၊ လက်ရှိအလှကိုလက်မခံချင်တော့ဘူး။

၄၁ နဲ့ ၅၅ ကြားက ဗြိတိန်။ ကျက်သရေရှိတယ်။ ရဲရင့်မှုတွေနေရာမှာ တည်ငြိမ်မှုကအစားထိုးဝင်ရောက်လာပြီ။

၅၅ နဲ့ ၆၅ ကြားက အစ္စရေးလိုပဲ။ အသက်ရှည်ရေးအတွက် သတိမပြတ်ထားနေရတယ်။ နှစ်ခါအမှားမခံဘူး။ ကြွေသွားမယ်။

၆၅ နဲ့အထက်ကတော့ တိဗက်လိုဖြစ်သွားပြီ။ ရှင်သန်မှုဟာ နေဝင်ချိန်လိုပဲ။ ဘယ်သူ့ကိုမှလည်းမဆက်ဆံချင်တော့ဘူး။ ဘယ်သူကမှလည်း မိတ်လာမဖွဲ့တော့ဘူး။

ယောက်ျားဆိုတာကတော့ . . .
အသက် ၁ နှစ်ကနေ ၈၀ အထိ အီရန်ပဲ။ တစ်ဇွတ်ထိုး၊ တစ်ဇောက်ကန်း မူဝါဒ။

#ဖတ်ဖူးတာလေး_ဘာသာပြန်ထားတာ

Credit to HaLiKhit via MayMay

No comments:

Powered by Blogger.