အမျိုးသမီးတွေ အများဆုံးခံစားကြရတဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေဖို့ဆိုရင်

အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ အသက် ၂၅ ၀န်းကျင် အမျိုးသမီးအများစုဟာ ဓမ္မတာကြောင့်ပဲဖြစ်ဖြစ်၊ အစားအသောက်မှားတာကြောင့် လေထိုးလေအောင့်တာပဲဖြစ်ဖြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပုံမှန် ခံစားကြရလေ့ရှိပါတယ်။ အဲ့ဒီလို နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့နဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ အစားအစာတစ်ခု စားတော့မယ်ဆို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်မဖြစ် သတိထား စားပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စတာတွေကို စားပေးဖို့ လိုပါတယ်။
။ရေနွေးကြမ်းသောက်ပေးပါ။ တစ်နေ့ကို သုံးခွက်လောက် သောက်ပေးရုံနဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကာကွယ်ပေးပါလိမ့်မယ်။
 ။အချိန်ပေးပြီး ယောဂကျင့်တာဟာလည်း နာကျင်မှုကို သက်သာစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။
၎။အသားတွေကို ချက်ပြုတ်တဲ့အခါ တူးနေအောင် ချက်ပြီး မစားပါနဲ့။ အပူကို အလွန်အကျွံပေးပြီး ချက်ပြုတ်ခြင်းဟာ သင့်ကို ကင်ဆာဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်တာကြောင့်ပါ။
၅။တစ်ယောက်တည်း နားနားနေနေ နေနိုင်ဖို့ အချိန်ပေးပါ။ အလုပ်တွေဖိလုပ်တာမျိုး၊ ဖိစီးမှုတွေ များနေတာမျိုးတွေကြောင့် ကိုက်ခဲနာကျင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
။အိပ်ချိန် လုံလုံလောက်လောက် ရှိပါစေ။ ကိုယ်အိပ်စက်မယ့် အခန်းအနေအထားကလည်း ကိုယ့်ကို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ကူညီနိုင်တဲ့ပုံစံ ဖြစ်ဖို့လိုပါတယ်။
။ရေများများသောက်ပါ။ ကိုယ်သောက်လိုက်တဲ့ရေဟာ သန့်ရှင်းစင်ကြယ်မှု ရှိဖို့ကိုလည်း သတိထားရပါလိ့မ်မယ်။
၈။ အသီးအနှံများများစားပါ။ ကိုယ်က နေ့စဉ်နေ့တိုင်း အသားတွေ၊ ငါးတွေကို စားဖြစ်နေပေမယ့် ဘာအသီးအနှံမှ မစားဖြစ်ဖူးဆိုတာမျိုး မရှိပါစေနဲ့။
။ကိုယ်စားမယ့် အစားအစာထဲမှာ ပါဝင်ပစ္စည်းတွေက ဘာတွေဖြစ်သလဲဆိုတာ အမြဲသိနေပါစေ။
၁၀။ကိုကာကိုလာ လို အရည်မျိုးတွေ၊ နောက်အချိုရည်တစ်ချို့ကိုလည်း သောက်နိုင်ပါတယ်။ ဒါဟာ နာကျင်မှုကို သက်သာစေတဲ့ အရာတွေထဲက တစ်ခုပါပဲ။
Ref:womenshealthmag

No comments:

Powered by Blogger.