အိုင်အက်စ်အဖွဲ့ထဲဝင်ရန် ဆီးရီးယားသို့သွားရောက်မည့် အင်ဒိုနီးရှားနိုင်ငံသားနှစ်ယောက်ကို စင်ကာပူ ဌာနေပြန်ပို့

အိုင်အက်စ်အဖွဲ့ထဲဝင်ရန် ဆီးရီးယားသို့သွားရောက်မည့် အင်ဒိုနီးရှားနိုင်ငံသားနှစ်ယောက်ကို စင်ကာပူ ဌာနေပြန်ပို့
=========================================
စီအင်အေ
စင်ကာပူ၊ ဒီဇင်ဘာ-၂၉
ပထမတစ်ယောက်က ဒုတိယတစ်ယောက်ရဲ့ အကူအညီနဲ့ စင်ကာပူကတစ်ဆင့် ဆီးရီးယားကို သွားဖို့ ရည်ရွယ်နေကြောင်း သိရှိပြီးတဲ့နောက်မှာအင်ဒိုနီးရှားနိုင်ငံသားနှစ်ယောက်ကို နေရင်းနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက Channel News Asia ကို ဒီဇင်ဘာ ၂၉ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
နှစ်ယောက်စလုံးဟာ အိုင်အက်စ်အကြမ်းဖက်အုပ်စု ထောက်ခံသူတွေလို့ ယူဆရတယ်လို့ ဂျကာတာပို့စ်မှာ ဖော်ပြထားပါတယ်။
“သူတို့ကို နိုင်ငံကို ပြန်မပို့မီမှာ အင်ဒိုနီးရှားဖက်ကို စင်ကာပူအာဏာပိုင်တွေက အကြောင်းကြားခဲ့ပါတယ်”လို့ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
ဂျကာတာပို့စ်မှာ ဖော်ပြချကအရ နှစ်ယောက်ထဲမှာ တစ်ယောက်က ဘာတမ်မှာနေထိုင်တဲ့အသက်၄၀အရွယ်အမျိုးသားတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အနောက်ဂျာဗား မှာ မွေးဖွားတဲ့ အသက် ၄၀အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ရီအူကျွန်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆပ်တိုနို အာလန်းဂါကတော့ နှစ်ယောက် စလုံးကို ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီး ယခုအခါမှာ နှစ်ယောက်စလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဘာတမ်-စင်ကာပူလမ်းကြောင်းပေါ်မှာရှိတဲ့ HarbourFront Centre လူဝင်မှုစစ်ဆေးရေးဂိတ်မှာ နှစ်ယောက်စလုံးကို စစ်ဆေးမေးမြန်းတဲ့အခါမှာ နှစ်ယောက်စလုံးက ဆီးရီးယားကို ထွက်ခွာဖို့ စီစဉ်နေကြောင်း ၀န်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
နှစ်ယောက်စလုံးကို ၂၄နာရီနီးပါးကြာ စစ်ဆေးမေးမြန်းပြီးနောက် ဘာတမ်ကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလကလည်း အိုင်အက်စ်အဖွဲ့ထဲဝင်ဖို့ ဆီးရီးယားကို သွားနေတယ်လို့ ယူဆရတဲ့အတွက် အသက် ၁၅နှစ်နဲ့ ၂၉နှစ်အရွယ်အထိရှိတဲ့ အင်ဒိုနီးရှားနိုင်ငံသား၎ယောက်ကို စင်ကာပူမှ နေရပ်ပြန်ပို့ခဲ့ရပါတယ်။
သူတို့ဟာာ လက်ရှိမှာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အစွန်းရောက် အင်ဒိုနီးရှား သဘောတရားရေး ဆရာတစ်ယောက်ရဲ့
နောက်လိုက်တွေ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
NZT
Image may contain: one or more people and people standing

No comments:

Powered by Blogger.