နိုဝင်ဘာအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်ပွားနိုင်ကြောင်း မိုးဇလထုတ်ပြန်

နိုဝင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်တစ်ခု ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာလပတ် မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။ အဆိုပါခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်လာပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ “ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်ကို လူအများ တဖြည်းဖြည်း ခံစားလာနေ ကြပါပြီ။ နွေလား၊ မိုးလား၊ ဆောင်းလား ခွဲခြားရခက်လာတာကို တွေ့မြင်နိုင်ပါတယ်။ လာမယ့် နိုဝင်ဘာ ၂ ရက်ကနေ ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာပြီးတော့ မုန်တိုင်းအဖြစ် ရောက်နိုင်ပါတယ်။ လက်ရှိ လေတိုက်ခတ်ပုံအရတော့ အိန္ဒိယတောင်ပိုင်း သီရိလင်္ကာအနီးကို ဦးတည်ရွေ့လျားနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်လာဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒါပေမဲ့ သူ့ကြောင့် အောက်ပိုင်းတွေကို မိုးရွာမှာမို့လို့ စပါးရိတ်သိမ်းသူတွေ အထူးဂရုစိုက်စေလိုပါတယ်” ဟု မိုးလေ၀သ ပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။ ထို့ပြင် နိုဝင်ဘာလအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေသည် တစ်ပြည်လုံးတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၁၄ ရက်မှ ၁၆ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၃ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ယင်းအပြင် ညအပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် အနည်းငယ်ပိုပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၀ ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၁၅ ရက်မှ ၁၇ရက်ခန့်နှင့် နံနက်ပိုင်းများတွင် မြူကျဆင်းနိုင်ကြောင်း သိရသည်။ ဆက်လက်ပြီး နိုဝင်ဘာလပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် သုံးပေမှ လေးပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ငါးပေ ကျဆင်းနိုင်ကြောင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် သုံးပေမှ လေးပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့ တို့တွင် လေးပေမှ ငါးပေခန့် ကျဆင်းနိုင် ကြောင်း သိရသည်။ နိုဝင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်တစ်ခု ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာလပတ် မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။ အဆိုပါခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်လာပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ “ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်ကို လူအများ တဖြည်းဖြည်း ခံစားလာနေ ကြပါပြီ။ နွေလား၊ မိုးလား၊ ဆောင်းလား ခွဲခြားရခက်လာတာကို တွေ့မြင်နိုင်ပါတယ်။ လာမယ့် နိုဝင်ဘာ ၂ ရက်ကနေ ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာပြီးတော့ မုန်တိုင်းအဖြစ် ရောက်နိုင်ပါတယ်။ လက်ရှိ လေတိုက်ခတ်ပုံအရတော့ အိန္ဒိယတောင်ပိုင်း သီရိလင်္ကာအနီးကို ဦးတည်ရွေ့လျားနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်လာဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒါပေမဲ့ သူ့ကြောင့် အောက်ပိုင်းတွေကို မိုးရွာမှာမို့လို့ စပါးရိတ်သိမ်းသူတွေ အထူးဂရုစိုက်စေလိုပါတယ်” ဟု မိုးလေ၀သ ပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။ ထို့ပြင် နိုဝင်ဘာလအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေသည် တစ်ပြည်လုံးတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၁၄ ရက်မှ ၁၆ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၃ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ယင်းအပြင် ညအပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် အနည်းငယ်ပိုပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၀ ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၁၅ ရက်မှ ၁၇ရက်ခန့်နှင့် နံနက်ပိုင်းများတွင် မြူကျဆင်းနိုင်ကြောင်း သိရသည်။ ဆက်လက်ပြီး နိုဝင်ဘာလပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် သုံးပေမှ လေးပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ငါးပေ ကျဆင်းနိုင်ကြောင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် သုံးပေမှ လေးပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့ တို့တွင် လေးပေမှ ငါးပေခန့် ကျဆင်းနိုင် ကြောင်း သိရသည်။

No comments:

Powered by Blogger.