#Credit > Android Phone မှာ Recycle Bin ထည့်သုံးအသုံးပြုခြင်း

တကယ်လို့ မိမိ ကွန်ပျူတာ၊ တက်ဘလက်ကနေ အရေးကြီးဖိုင်တွေ ဖျက်မိပါက ဖျက်မိတဲ့ဖိုင်တွေကို recycle bin ကနေ ပြန်လည်ရယူနိုင်ပေမယ့် စမတ်ဖုန်းတွေမှာတော့ သိပ်အရေးကြီးတဲ့ဖိုင်တွေ ရှင်းမိတဲ့အခါမှာ recycle bin feature မရှိတဲ့အတွက် ကျွန်ုပ်တို့ အားလုံး စိတ်ပျက်ကြရပါတယ်။ မိမိစမတ်ဖုန်းမှာ Recycle bin ကို install လုပ်ကြည့်ဖူးပါသလား။ ဒီ feature က android သုံးစွဲသူတွေအတွက်သာ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ Recycle bin ထည့်သွင်းတဲ့အခါ ရိုးစင်းတဲ့နည်းလမ်း (၂) ခု ရှိပါတယ်။ (1) ⬇⬇⬇ Dumpster – ဓာတ်ပုံနဲ့ ဗီဒီယို ပြန်ယူပေးတဲ့ app   Dumpster က windows သို့မဟုတ် mac desktop ကွန်ပျူတာပေါ်မှာကဲ့သို့ အလုပ်လုပ်ပါတယ်။ Dumpster ရဲ့ ဖိုင်ပြန်လည်ရယူပေးနိုင်မှုက ပြည့်စုံကောင်းမွန်တဲ့ cloud backup tool (Dropbox, Google Drive, Microsoft OneDrive) တို့လို စွမ်းပါတယ်။ မတော်တဆဖျက်မိတဲ့ images၊ vids၊ audio၊ pdf၊ zip၊ mp3၊ mp4၊ ppt၊ doc၊ Avi၊ mpg၊ jpg၊ rar နဲ့ အခြားတွေ့နေကျ ဖိုင်တွေကို Dumpster က ပြန်လည်ရရှိစေနိုင်ပါတယ်။ Dumpster အသုံးပြုနည်း ၁။ အရင်ဦးဆုံး app ကို download ဆွဲပြီး install လုပ်ပါ။ ၂။ App ကို စစသုံးချင်း agreement လုပ်မလုပ်မေးပါလိမ့်မယ်။ Agree ကို နှိပ်ပါ။ ၃။ Storage ကနေ ဖျက်သွားလို့ ပြန်ယူချင်တဲ့ မီဒီယာဖိုင်တွေ app ကနေ ရှာပါ။ ၄။ ဖျက်မိတဲ့ ဖိုင်တွေကို Dumpster ကနေ preview လုပ်ပါ။ ၅။ Items တွေကို folder ဖြင့် စုသိမ်းပါ။ ၆။ Items ဟောင်းတွေကို အော်တို delete စီစဉ်ဆောင်ရွက်ထားနိုင်ပါတယ်။ ၇။ Privacy တင်းကျပ်ဖို့အတွက် screen lock ချထားနိုင်ပါတယ်။ ဒီအချက်တွေ ပြုလုပ်ဖို့အတွက် အင်တာနက်လိုင်းနဲ့ ဖုန်းကို root ပေါက်ဖို့ လုံးဝမလိုအပ်ပါဘူး။   (2) ⬇⬇⬇ ES File Explorer (File Manager) ES File Explorer မှာ လျိုဝှက်ထားတဲ့ လုပ်ဆောင်ချက်များစွာ ရှိပါတယ်။ အဲဒီအနက် Recycle Bin က တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီရိုးစင်းတဲ့ အဆင့်ဆင့်လုပ်ဆောင်ချက်အတိုင်း လုပ်သွားရုံပါပဲ။ ၁။ မိမိဖုန်းမှာ ES Filet Explorer ရှိပါက ဘယ်ဘက် sidebar က Menu ကို နှိပ်ပါ။ ၂။ Recycle Bin ကို enable လုပ်ပေးရပါမယ်။ ၃။ ဘယ်ဘက် sidebar က recycle bin ကို ရွေးပြီး ဖျက်ထားတဲ့ ဖိုင်တွေကို ပြန်လည်ရယူပါ။ ES File Explorer (File Manager) က ဖုန်းထဲက memory၊ microSD card၊ local area network နဲ့ cloud storage account တွေမှာ သိမ်းဆည်းထားတဲ့ ဖိုင်အားလုံး ထိန်းချုပ်နိုင်စေပါတယ်။ မည်သည့် storage က ဘယ်ဖိုင်တွေမဆို copy၊ move၊ rename၊ delete သို့မဟုတ် share လုပ်လို့ ရစေပါတယ်။ ဖိုင်တွေကို သူ့အမျိုးအစားအလိုက် ပြန်လည်ရှာဖွေရယူပေးပါတယ်။  Ref: alltechbuzz  Dumpster Photo&Video Restore

ES File Explorer File Manager

No comments:

Powered by Blogger.