Samsung Galaxy J5&J7 Prime စမက်ဖုန်းများ နိုဝင်ဘာလဆန်းတွင် ဖြန့်ချီမည်။

သတ္တုကိုယ်ထည်နှင့် လက်ဗွေရာစနစ်လုပ်ဆောင်ချက် များပါဝင်သည့် Galaxy J7 Primeနှင့် Galaxy J5 Prime စမတ်ဖုန်း ထုတ်ကုန်သစ်နှစ်မျိုးကို နိုဝင်ဘာ လဆန်းတွင် တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ချိမည်ဟု ဆမ်ဆောင်း မြန်မာက သတင်းထုတ်ပြန်သည်။

Galaxy J7 Prime စမတ်ဖုန်းကို ဈေးနှုန်းသုံးသိန်းနှစ်သောင်း ရှစ်ထောင်ကျပ်ခန့်၊ Galaxy J5 Prime ကို နှစ်သိန်းငါးသောင်း ကျပ်ခန့်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း ဆမ်ဆောင်းမြန်မာ၏ အိုင်တီနှင့် မိုဘိုင်းဌာန အကြီးအကဲ ဦးဇာနည်ဝင်းထက်က ပြောသည်။

‘‘အခု အသစ်ထုတ်လုပ် လိုက်တဲ့ Galaxy J7 Prime, Galaxy J5 Prime စမတ်ဖုန်းတွေ ကို ကျွန်တော်တို့ရဲ့နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုတွေ၊ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ဖန်တီးထား ပါတယ်’’ဟု ဦးဇာနည်ဝင်းထက် က ဆိုသည်။

Galaxy J7 Prime သည် ၅ ဒသမ ၅ လက်မ မျက်နှာပြင်ရှိပြီး စက်၏ စွမ်းဆောင်ရည်ပိုင်းတွင် 1.6 GHz Octa-Core နှင့် 3GB RAM တို့ကို တွဲဖက်ထုတ်လုပ် ထားသည်။ သိုလှောင်နိုင်သည့် ပမာဏ 32GB ရှိပြီး နောက် ကင်မရာ 13 Megapixel နှင့် ရှေ့ကင်မရာ 8 Megapixel ပါဝင် သည်။

၅ လက်မအရွယ်အစားရှိ Galaxy J5 Prime တွင် CPU 1.4GHz Quad-Core နှင့် 2GB RAM တို့ ပါဝင်သည်။ ကင်မရာ Megapixel က Galaxy J7 Prime နှင့် အတူတူဖြစ်သည်။ ဆင်းမ်ကတ်နှစ်မျိုးသုံးဖြစ်ပြီး သိုလှောင်နိုင်သည့်ပမာဏမှာ 16GB ရှိသည်။

အထက်ပါ ဆမ်ဆောင်းအ မှတ်တံဆိပ်စမတ်ဖုန်းနှစ်မျိုးစလုံး တွင် S Power Planning ဟုခေါ် ဆိုသော ဖုန်းခေါ်ဆိုမှုအတွက် ဘက်ထရီချန်ပေးခြင်း၊ ဘက်ထရီ သက်တမ်းတိုးမြှင့်ခြင်း၊ အားကုန် သည့်အချိန်တွင် ဖုန်းခေါ်ဆိုမှုများ အား Call Forwarding အလိုအ လျောက်ပြုလုပ်ပေးခြင်း စသည့် ဖုန်းဘက်ထရီသက်တမ်းကို ချွေ တာနိုင်ရန် ကူညီပေးနိုင်သည့်လုပ် ဆောင်ချက်ပါဝင်ကြောင်း သ တင်းထုတ်ပြန်ထားသည်။

No comments:

Powered by Blogger.