16.2.2017 လက်ထပ်မည်ဟုပြောပြီး အချိန်ဆွဲရှောင်တိမ်းသူအား အမှုဖွင့်လိုက်ပြီ

တာချီလိတ် ဖေဖော်ဝါရီ ၁၆
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွား၌
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းက အုပ်ထိန်းမှုအောက်တွင်ရှိသောအရွယ်
မရောက်သေးသည့် မိန်းကလေးငယ်အား လက်ထပ်မည်ဟု ဖြားယောင်း
သွေးဆောင် ခိုးယူကာ သားမယားအဖြစ် နေထိုင်ခဲ့သူအား အရေးယူထား
ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ မ---( ၁၅ နှစ်)ကျော်သည် ပန်းရံလုပ်ငန်းအားပန်းရံခေါင်း
ဆောင်မင်းဆွေဦး၏ အလုပ်တွင် ဝင်ရောက်လုပ်လျက်ရှိရာ လွန်ခဲ့သော တစ်
ပတ်ခန့်က အုပ် ထိန်းသူများမှ ပန်းရံခေါင်းဆောင် မင်းဆွေဦး စော်ကားထား
ကြောင်း ကြားသိရသဖြင့် သမီးဖြစ်သူအား မေးမြန်းခဲ့ရာ မင်းဆွေဦးမှ လက်
ထပ်ယူမည်ဟု ဖြားယောင်းသွေးဆောင် ကာ မိုင်းကိုးကျေးရွာအုပ်စု၊ဆောက်
လုပ်ဆဲ အဆောက်အအုံတစ်ခု၏ အခန်းလွတ်တစ်ခန်းအတွင်း ဇန်နဝါရီ ၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေ့စဉ် သားမယားအဖြစ်ဆက်ဆံ နေထိုင်ခဲ့
ကြောင်း၊ ထို့နောက် ဖခင်ဖြစ်သူနှင့် သမီးဖြစ်သူ မ---တို့မှ မင်းဆွေဦးထံသို့ ဖုန်းဆက်ပြီး ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပေါ် တာဝန်ယူလက်ထပ်ရန် ဖုန်းဖြင့်
ပြောခဲ့ရာ မင်းဆွေဦးမှ ကျူးလွန်ခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် လက်ထပ်ရန်
အတွက် (၂)နှစ်ခန့်စောင့်ဆိုင်းပေးရန် အချိန်ဆွဲခဲ့ကြောင်း၊ နောက်ပိုင်းတွင် မင်းဆွေဦးထံသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းမကိုင်တော့ဘဲ ရှောင်တိမ်းသွား
ခဲ့သဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြင်သူအား အုပ်ထိန်းသူသဘော
မတူဘဲ ဖြားယောင်းသွေးဆောင် ခိုးယူကာ သား မယားအဖြစ်နေထိုင်သူ မင်းဆွေဦးအား မိခင်ဖြစ်သူက တာချီလိတ်မြို့ရဲစခန်းသို့ တိုင်းတန်းခဲ့သည်။
 အမှုမှ မိဘအုပ်ထိန်းမှုအောက်ရှိသော သမီးဖြစ်သူအား အုပ်ထိန်းသူသ
ဘောမတူဘဲ ဖြားယောင်းသွေးဆောင် ခိုးယူကာ သားမယားအဖြစ်နေထိုင်ခဲ့
သူ မင်းဆွေဦး (၃၃ နှစ်)၊ မယ်ခေါင်ရပ်၊ တာချီလိတ်မြို့နေသူအားတာချီလိတ်
မြို့မရဲစခန်းက (ပ)၄၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ဖြင့် အရေးယူ
ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)

No comments:

Powered by Blogger.