YBS ယာဉ်လိုင်းစတင်သည့် ဒုတိယမြောက် ရက်သတ္တပတ်တွင် ခရီးသည်များ သွားလာရာ၌ ပိုမိုအဆင်ပြေလွယ် ကူလာဟုဆို



ရန်ကုန် ဇန်န၀ါရီ  ၂၃

YBS စနစ်စတင်သည့်  ဒုတိယမြောက်ရက်သတ္တပတ်ဖြစ်သော ယနေ့ ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ခရီးသည်များ YBS ယာဉ်လိုင်းများစီးနင်းသွားလာရာ၌ ပိုမိုအဆင်ပြေလွယ်ကူလာတယ်လို့ ဆိုပါတယ်။

သို့သော် တစ်ဆင့်ကူးပြောင်းစီးရသည့် မြို့တွင်းပတ်ယာဉ်များစီးနင်းရာတွင် ခရီးသည်နှင့် ယာဉ်အစီးရေ မျတမှုမရှိသေးတာကြောင့် ယင်းလိုင်းများတွင် စေတနာ့ဝန်ထမ်းကားများဖြင့် အခမဲ့ဆက်လက်ပြေးဆွဲပေးမှုတွေ ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။

 “ဒီနေ့ကတော့ စီးရတာအဆင်ပြေပါတယ် နေ့ခင်းဘက်တော့ ကားချောင်တယ် သိပ်မကျပ်ဘူး ရုံးတက်ရုံးဆင်းချိန်လေးတစ်ချက်လောက်ပါပဲ  ကျန်တဲ့အချိန်က တော့ပြောစရာမလိုပါဘူး။အခမဲ့ကားတွေပြေးဆွဲပေးတာကိုလည်းတွေ့ရတယ်။  ကားတွေထပ်တိုးထားတာလည်းတွေ့ရတယ်။”လို့ ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ရုံးတက် ရုံးဆင်းချိန်များမှာ ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် အဖွဲ့အစည်းအသီးသီး ပရဟိတလူမှုရေးအဖွဲ့များ အပါအ၀င် ယာဉ်ပိုင်ရှင်အချိုနှင့်စေတနာရှင်အချို့တို့ကလည်း မိမိတို့ပိုင် ကားများဖြင့် အခမဲ့ခရီးတိုလေးများ ကူညီပြေးဆွဲပေးလျက်ရှိတယ်လို့ဆိုပါတယ်။

YBS စနစ် အများပိုင်စုပေါင်းယာဉ်လိုင်းများ ပြေးဆွဲရာတွင် သတ်မှတ်လမ်းကြောင်းများအလိုက်နေ့စဉ် ယာဉ်အစီးရေ ၄၀၀၀ ကျော်ခန့်ဖြင့်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရပါတယ်။

ပြေသိမ်း
Photo - ဇေယျာငြိမ်း

No comments:

Powered by Blogger.