ဥာဏ်ကောင်းတဲ့သူတွေမှာ တွေ့ရတဲ့ အမူအကျင့် ၆မျိုး

၁. ညဥ့်နက်တဲ့အထိ မအိပ်ဘဲနေခြင်း။
လေ့လာချက်တွေအရ ဥာဏ်ကောင်းတဲ့သူတွေဟာ ညဘက်တွေဆို ညဥ့်နက်မှ အိပ်ယာဝင်လေ့ရှိပါတယ်။
၂. ကျိန်ပြောတတ်ခြင်း။
- ဥာဏ်ကောင်းတဲ့သူတွေဟာ အကြောင်းအရာတစ်ခုကို မှန်ကန်ကြောင်း ကျိန်ဆိုပြီး ပြောလေ့ရှိပါတယ်။
၃. တစ်ယောက်တည်းနေရတာကို နှစ်သက်ခြင်း။
- ဥာဏ်ရည် ထက်မြတ်တဲ့သူတွေဟာ တစ်ယောက်တည်း အချိန်ဖြုန်းရတာကို ပိုမိုနှစ်သက်တယ်လို့ ဆိုထားပါတယ်။
၎. အစား ဝါးစားနေတဲ့အသံတွေကို စိတ်ဆိုးခြင်း။
- ဥာဏ်ရည်မြင့်တဲ့သူတွေဟာ အစာစားရင် ထွက်လာတဲ့ အသံတွေကိုလဲ မနှစ်သက်ဘူးလို့ ဆိုထားပါသေးတယ်။
၅. ညစ်ပတ်စွာနေထိုင်ခြင်း။
- ဥာဏ်ကောင်းသူ အများစုဟာ သန့်သန့်ရှင်းရှင်း နေထိုင်လေ့မရှိဘဲ ညစ်ပတ်စွာ ဖြစ်သလိုနေတတ်ကြပါတယ်။
၆. တစ်ယောက်တည်း ကိုယ့်ကိုကိုယ် စကားပြောနေရတာကို နှစ်သက်ခြင်း။
- ခံစားချက်နဲ့ အတွေးတွေကို တစ်ယောက်တည်း ကိုယ့်ကိုကိုယ် ပြောမိနေခြင်းဟာ ဥာဏ်ကောင်းခြင်းရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။
တကယ်လို့ အထက်ပါအချက်တချို့ကို နေ့စဉ်လုပ်မိနေတယ်ဆိုရင် သင်ဟာ ဥာဏ်ကောင်းတဲ့လူတစ်ယောက် ဖြစ်နေတာ သေချာပါတယ်။
Ref: Lifehack

No comments:

Powered by Blogger.