ခင်ဗျားတို့ ဘာ့ကြောင့် မဲမပေးခဲ့သလဲဟု ထရန့်က ဆန့်ကျင်ဆန္ဒပြသူများကို မေးခွန်းထုတ်



ပရပ်စ်တီဗီ
ဝါရှင်တန်၊ ဇန်န၀ါရီ-၂၃

အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်က စနေနေ့က သူ သမ္မတဖြစ်လာမှုကို ချီတက်ဆန့်ကျင်နေကြတဲ့ အမေရိကန်ပြည်ထောင်စုတစ်ဝန်းက လူ သန်းပေါင်းများစွာကို အမျိုးသမီး ချီတက်ဆန္ဒပြနေသူတွေဟာ မဲမပေးခဲ့ဘူးလားဆိုသည့်သဘော မေးခွန်းထုတ်သွားခဲ့ပါတယ်။
သောကြာနေ့က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့  ထရန့်က ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြမှုတွေကို ထောက်ခံသော်လည်းပဲ ဆန္ဒပြပွဲမှာ ပါဝင်တဲ့  ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်တွေကိုတော့ ဝေဖန်သွားခဲ့ပါတယ်။

“မနေ့က ဆန္ဒပြပွဲတွေကိုကြည့်ပြီး ကျနော်တို့ ရွေးကောက်ပွဲလုပ်ခဲ့တာပဲ။ ဒီလူတွေ ဘာ့ကြောင့် မဲမပေးခဲ့တာလဲလို့ စဉ်းစားမိတယ်”လို့ တွစ်တာကနေ့ ပြောကြားခဲ့ပါတယ်။
“ငြိမ်းချမ်းစွာဆန္ဒပြမှုတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။

ကျနော်သဘောမတူဘူးဆိုရင်တောင်မှ လူတွေရဲ့ သူတို့အမြင်ကို လွတ်လပ်စွာဖော်ပြခွင့်ကို အသိအမှတ်ပြုပါတယ်”လို့လည်း ထရန့်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
စနေနေ့က ၀ါရှင်တန်က အမျိုးသမီးချီတက်ပွဲနဲ့ တစည်းတလုံးတည်းရှိကြောင်း ဖော်ပြတဲ့အနေနဲ့ အမေရိကန်နဲ့ ကမ္ဘာနှင့်အ၀န်းက ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး အမေရိကန်မြို့ကြီးတွေမှာတင် လူပေါင်း ၂သန်းကျော် ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ဥရောပမြို့တော်တွေကနေ အာရှနဲ့ အာဖရိကမြို့တော်တွေမအထိ မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြပွဲပေါင်း ၆၃၀ကျော် ပြုလုပ်ခဲ့ကြပြီး ထရန့်အစိုးရအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ထောက်ခံဖို့၊ ရွှေ့ပြောင်းအခြေချတွေနဲ့ လူနည်းစုလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှုကို ရှောင်ကျဉ်ဖို့လည်း ဆန္ဒပြသူတွေက တိုက်တွန်းလိုက်ပါတယ်။

စနေနေ့က ၀ါရှင်တန်မှာ လူသန်းဝက်လောက်က National  Mall  ကို ဆင်းလာခဲ့ရာမှာ ထရန့်ကျမ်းကျိန်ပွဲ  တွက်ရောက်လာသူ အရေအတွက်ထက်ကို ပိုမိုများပြားခဲ့တယ်လို့ ဆိုပါတယ်။
ကနေဒါ၊ သြစတြေးလျ၊ ယူကေ၊ ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ အိန္ဒိယ၊ ကင်ညာနဲ့ ဂါနာနိုင်ငံတွေမှာလည်း ထရန့်ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NZT

No comments:

Powered by Blogger.